တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ၂၀၃၀ ပြည့်နှစ်၌ဆောင်ရွက်မည်

တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ၂၀၃၀ ပြည့်နှစ်၌ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျေးရွာ များပါမကျန် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိမှုမှာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၄၃ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ပေးနိုင်သေးပြီး ၂၀၂၀-–၂၀၂၁ ခုနှစ်၌ တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၅၀ အထိ လျှပ်စစ်မီးရရှိရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

"လက်ရှိအနေနဲ့သက်ဆိုင်တဲ့ စီမံခန့်ခွဲမှုမှာ တာဝန်ရှိကြတဲ့ အုပ်ချုပ်သူများအနေနဲ့ လည်း ကျေးလက်ဒေသများအထိ ကွင်းဆင်းဆောင်ရွက်မှသာလျှင် ကျေးလက်ဒေသက မိဘပြည်သူများ၏တင်ပြမှု လိုအပ်ချက်အသံများကို သိရှိမှာဖြစ်ပါတယ်။ အဲဒီကိစ္စတွေ ကိုလည်း အလေးထား ဖြည့်ဆည်းပေးနိုင်ရန် အစိုးရမှာတာဝန်ရှိတယ်"ဟု မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။

ဖွင့်ပွဲတက်ရောက်

မလှိုင်မြို့နယ် ညောင်ပင်တဲကျေးရွာနှင့် ညောင်မြင့်ကျေးရွာတို့ လျှပ်စစ်မီးရရှိခြင်း ကြောင့် ဒီဇင်ဘာ ၁၄ ရက်က ယင်းကျေးရွာ နှစ်ရွာကြားတွင် ကျင်းပသည့် လျှပ်စစ်မီး ဖွင့်ပွဲသို့တက်ရောက်ရာတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီးကဏ္ဍအတွက် မလှိုင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄၇ ရွာရှိရာ လက်ရှိ တွင် ကျေးရွာပေါင်း ၁၁၉ ရွာ လျှပ်စစ်မီးရရှိသည့်အတွက် လက်ရှိအနေဖြင့် ၄၈ ရာခိုင်နှုန်း ခန့်သာပေးနိုင်သေးပြီး ၂၀၁၈–-၂၀၁၉ ဘဏ္ဍာနှစ်၌ မလှိုင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၆၆ ရွာ ၆၇ ရာခိုင်နှုန်းအထိ ရရှိရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကုန်စည်စီးဆင်းမှုမြန်ဆန်

"ကျွန်တော်တို့ ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ အတွက် အရမ်းကျေးဇူးတင်မိပါတယ်။ အရင်တုန်းကတော့ လမ်းတွေကမကောင်း၊ လျှပ်စစ် မီးတွေမရရှိကြတော့ စီးပွားရေးအရ ဘာတစ်ခုမှ လုပ်ကိုင်လို့မရဘူး။ အခုတော့ လျှပ်စစ်မီး လည်းရ၊ လမ်းလည်းကောင်းလာတော့ ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်လာပြီး ကလေး တွေရဲ့ ပညာရေးအတွက်လည်း အဆင်ပြေလာတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်"ဟု မလှိုင်မြို့နယ်မှ ဦးစိုးသာက ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး