ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်တွေ့ရသူနှစ်ဦးကို စစ်ဆေးရာမှ လုယက်မှုနှင့်ခိုးမှု ၁၉ မှုပေါ်ပေါက်

ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်တွေ့ရသူနှစ်ဦးကို စစ်ဆေးရာမှ လုယက်မှုနှင့်ခိုးမှု ၁၉ မှုပေါ်ပေါက်

ဆိုင်ကယ်တစ်စီးနှင့်မသင်္ကာဖွယ်တွေ့ရသူ နှစ်ဦးကို သက်ဆိုင်ရာက စစ်ဆေးခဲ့ရာမှ လုယက်မှုနှင့်ခိုးမှု ၁၉ မှုပေါ်ပေါက်ခဲ့ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၆ နာရီခွဲ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းမပေါ်၌ ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသည့် လှိုင်မြို့ နယ်နေ ကျော်ဆန်းဦး(ခ)ဘိုကြီး(၂၂)နှစ်နှင့် စိုင်းအောင် (၁၈)နှစ်တို့ကို NEW ZHINENG အမျိုး အစား ဆိုင်ကယ်နှင့် အတူ တွေ့ရှိ မေးမြန်းခဲ့သည်။ 
ယင်းဆိုင်ကယ်နှင့် ပတ်သက်၍ ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာခိုင်လုံစွာပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် ရွှေပြည်သာမြို့မရဲစခန်းကအမှုဖွင့် စစ်ဆေးခဲ့သည်။ 
၄င်းတို့ နှစ်ဦးကို စစ်ဆေးချက်များအရ ယခုနှစ်အတွင်း ရွှေပြည်သာ၊ အင်းစိန်မြို့နယ် များမှ လက် ကိုင်ဖုန်းလုယက်မှု ၁၄ မှုနှင့် ခိုးမှုငါးမှုကိုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ၄င်းတို့ခိုးယူ၊ လုယက်ခဲ့သည့် ပစ္စည်းများကို ရောင်းချထားသည့်နေရာများမှ ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ပစ္စည်းပိုင်ရှင်များအနေဖြင့် အင်းစိန်မြို့ နယ်နှင့် ရွှေပြည်သာမြို့နယ်ရဲစခန်းများတွင် သွားရောက်စုံစမ်းနိုင်ကြောင်း ရဲတပ်ဖွဲ့က ထုတ် ပြန်ထားသည်။