မန္တလေးတိုင်းဒေသကြီးမှ နွားထိုးကြီး- တောင်သာကျေးလက်လမ်းသည် နွားထိုး ကြီးမှ တောင်သာအထိ ၁၇ မိုင် နှစ်ဖာလုံရှိ သည်။ လမ်းအမျိုးအစားမှာ မူလက ကျောက် လမ်းတစ်ဝက် ကတ္တရာလမ်းတစ်ဝက်ဖြစ်သည်။
ယခုအခါ ရာသီမရွေးသွားလာနိုင်ရန် ကတ္တရာ လမ်းအဖြစ် ဆောင်ရွက်ခြင်းကို မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် တိုင်းကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် နွားထိုးကြီးနှင့် တောင်သာကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာနတို့က ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အဆိုပါကျေးလက်လမ်းအား ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၁၄ ဒသမ ၁သန်း ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းကို စတင်ဆောင် ရွက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဏငူသအ ဏမသနြခအ ဖြင့် လမ်းနှင့်တံတားများ အပါအဝင် ကျပ် ၁၅၁၅ ဒသမ ၄၅၈ သန်း၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၁၄ ဒသမ ၁ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၅၀ ဒသမ ၇၄၄ သန်းတို့ဖြင့် ဆောင်ရွက်ခဲ့သည် ဟု သိရသည်။
ကတ္တရာခင်း
ဆက်လက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် တောင်သာမြို့နယ်အပိုင်းမှ သုံးမိုင် ၅ ဒသမ ၈၇ ဖာလုံကို ဆက်လက်ကတ္တရာခင်း ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ ထပ်ပိုး ကတ္တရာခင်းခြင်းတို့ကို ဆောင်ရွက်သွားဦးမည် ဟု သိရသည်။
အဆိုပါ ကျေးလက်လမ်းသည် နွားထိုးကြီး နှင့် တောင်သာနှစ်မြို့နယ်တို့မှ ကျေးရွာပေါင်း ၂၈ ရွာ၊ အိမ်ခြေပေါင်း ၃၇၂၆ အိမ်နှင့် လူဦး ရေပေါင်း ၂၄၄၂၀ တို့အား အကျိုးပြုမည့် ကျေးလက်လမ်းဖြစ်ပြီး လမ်းကိုစည်ပင်သာယာ ရေးဦးစီးဌာနထံမှ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက လွှဲပြောင်းရယူခဲ့သောလမ်းဖြစ် သည်။















