တာလတ်ပစ်နျူလက်နက်စာချုပ်ကို မချိုးဖောက်ဘဲ ရုရှား၌ ဒုံးကျည်များအလုံအလောက်ရှိဟု ပူတင်ဆို

တာလတ်ပစ်နျူလက်နက်စာချုပ်ကို မချိုးဖောက်ဘဲ ရုရှား၌ ဒုံးကျည်များအလုံအလောက်ရှိဟု ပူတင်ဆို

ရုရှားသည် တာလတ်ပစ်နျူကလီးယားလက်နက်တားဆီးရေးစာချုပ်(အိုင်အင်န်အက်ဖ်)ကို ချိုးဖောက်၍ ခရုဇ် ဒုံးကျည်သစ်များ ထုတ်လုပ်ခဲ့ကြောင်း အမေရိကန်၏စွပ်စွဲချက်ကို ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကပယ်ချခဲ့ပြီး ယင်းစာချုပ် ချိုးဖောက်ခြင်းမပြုဘဲ ရုရှားတွင် ဒုံးကျည်များအလုံအလောက်ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်က ပြောဆိုခဲ့သည်။

ရုရှား၏ မြေပြင်အခြေစိုက်ခရုဇ်ဒုံးကျည်သစ်များသည် ကီလိုမီတာ ၅၀ဝ မှ ၅၅၀ဝ(မိုင် ၃၀ဝ မှ ၃၄၀ဝ)အတွင်း ပစ်ခတ်နိုင်သည့်မြေပြင်အခြေစိုက်ခရုဇ်ဒုံးကျည်နှင့် ပဲ့ထိန်းမစ်ဆိုင်းဒုံးများကို တားမြစ်သည့် အိုင်အင်န်အက်ဖ်စာချုပ်ကို ချိုးဖောက်ခြင်းဖြစ်၍ အမေရိကန်ကလည်းသဘောတူညီချက်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
    ယင်းဒုံးကျည်သစ်များနှင့်အလားတူဒုံးကျည်များသည် ရုရှားစစ်သင်္ဘောများနှင့်လေယာဉ်များတွင်ရှိပြီးဖြစ်၍ စာချုပ်ကို ချိုးဖောက်ရာမရောက်ဟု ပူတင်က ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ 
ရုရှားစစ်ဘက်သည် အိုင်အင်န်အက်ဖ်ကို ချိုးဖောက်ခြင်းမပြုဘဲ ကီလိုမီတာ ၄၅၀ဝ(မိုင် ၂၇၉၀)အထိ ဝေဟင်မှပစ်ခတ်နိုင်သည့် ကေအိပ်ချ် ၁၀၁ နှင့် ရေပြင်မှပစ်ခတ်နိုင်သည် ကာလ်ဘာခရုဇ် ဒုံးကျည်များကိုလည်း ဆီးရီးယားစစ်မြေပြင်တွင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်းလည်း ရုရှားစစ်ခေါင်းဆောင်များနှင့်ဆွေးနွေးရာတွင် ပူတင်ကပြောဆိုခဲ့သည်။
    ရုရှား၏လက်နက်သစ်များသည် နိုင်ငံခြားဖြစ်များနှင့် မတူညီကြဘဲ ရုရှားနိုင်ငံလုံခြုံရေးအတွက် လာမည့်ဆယ်စုနှစ်များအထိ အားကိုးရမည်ဖြစ်ကြောင်း၊ ယင်းကို အိုင်အင်န်အက်ဖ်ကို ချိုးဖောက်ခြင်းမပြုဘဲ ဖန်တီးနိုင်ခဲ့ကြောင်လည်း ပူတင်က ပြောဆိုခဲ့သည်။ 
ခင်ဇာလ် ဟိုင်ပါဆိုးနစ်ဒုံးကျည်နှင့် အဗန်ဂရက် ဟိုင်ပါဆိုးနစ် ပဲ့ထိန်းဒုံးပျံတို့ကို အထူးပြုရည်ညွန်းခဲ့ပြီး ယင်းတို့သည် ရုရှားစစ်ရေးစွမ်းရည်ကို သိသိသာသာအားကောင်းစေမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
    ခင်ဇာလ်ဒုံးကျည်များသည် ရုရှားစစ်ဘက်တွင် တပ်တော်ဝင်သုံးစွဲနေပြီဖြစ်သည်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ယခုနှစ်အတွင်း ခင်ဇာလ်ဒုံးကျည်များသယ်ဆောင်သည့် စစ်လေယာဉ်များ ကင်းလှည့်ပျံသန်းမှု ၈၉ ကြိမ် ရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ အဗန်ဂရက်ဒုံးပျံများသည် လာမည့်နှစ်တွင် တပ်တော်ဝင်မည်ဖြစ်သည်။