ဂျပန်နိုင်ငံ၌ လေ့ကျင့်ခြေစမ်းရန် မြန်မာယူ-၁၆အသင်း တင်ပြထား

ဂျပန်နိုင်ငံ၌ လေ့ကျင့်ခြေစမ်းရန် မြန်မာယူ-၁၆အသင်း တင်ပြထား

၂၀၁၉ အာရှယူ-၁၆ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည့်  မြန်မာယူ-၁၆အမျိုးသမီးအသင်းသည် ဂျပန်နိုင်ငံ၌ လေ့ကျင့်ခြေစမ်းမှုများပြုလုပ်ခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ခွင့်ပြုချက်တောင်းထားကြောင်း သိရသည်။

လက်ခံကျင်းပ

အာရှယူ-၁၆အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဖေဖော်ဝါရီ၂ရရက် မှ မတ် ၃ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုတွင်း၌ တရုတ်၊ ဘင်္ဂလားဒေရှ်၊ ဖိလစ်ပိုင်အသင်းတိုနှင့် အတူကျရောက်နေပြီး ထိပ်ဆုံးနှစ်သင်းမှာ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။

မြန်မာယူ-၁၆အမျိုးသမီးအသင်းမှာ ပထမအဆင့်ခြေစစ်ပွဲတွင် မလေးရှား၊နီပေါ၊ဖိလစ်ပိုင်အသင်းတို့နှင့် ကျရောက်ခဲ့ပြီး ပွဲတိုင်းအနိုင်ရရှိကာ ဒုတိယအဆင့်သို့တက်လှမ်းခဲ့သည်။

မြန်မာယူ-၁၆အမျိုးသမီးအသင်းမှာ ပဏာမကစားသမား ၂၉ဦးဖြင့် ဒီဇင်ဘာ၁ဝရက်မှစတင်ကာ လေ့ကျင့်နေပြီး နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက တာဝန်ယူလျက်ရှိသည်။



ဖတ်ရှုမှုအများဆုံး