အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၁၈အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ကျင်းပပြီးစီးခဲ့ပြီဖြစ်ရာ မြန်မာတက္ကသိုလ် အားကစားအဖွဲ့သည် ရွှေတံဆိပ်(၂၄)ခု၊ ငွေတံဆိပ်(၂၆)ခု၊ ကြေးတံဆိပ်(၂၉)ခု စုစုပေါင်း ဆုတံဆိပ်(၇၉)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၄)၌ ရပ်တည်နိုင်ခဲ့သည်။
ဝူရှူးအဖွဲ့
အဆိုပါပြိုင်ပွဲ၏ နိုင်ငံအလိုက်ရပ်တည်မှု ထိပ်ဆုံးနေရာကို ထိုင်းအသင်းက ရွှေတံဆိပ် ၆၂ခုဖြင့်ရပ်တည်ခဲ့ပြီး အင်ဒိုနီးရှားက ရွှေ ၄၄ခု၊မလေးရှားက ရွှေ ၃ရခုဖြင့် အစဉ်လိုက်ရပ်တည်ခဲ့သည်။
မြန်မာတက္ကသိုလ်အားကစားအဖွဲ့သည် ပြိုင်ပွဲတွင် အားကစားနည်း ၁၉မျိုးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဝူရှူးအဖွဲ့မှ ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၅)ခုဖြင့် အအောင်မြင်ဆုံးဖြစ်ခဲ့သည်။
ထို့နောက် ကရာတေးဒိုအဖွဲ့မှ ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၁ )ခု၊ ကြေးတံဆိပ်(၅)ခုဖြင့် ဒုတိယအအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ဗိုဗီနမ်အဖွဲ့မှ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၄)ခုဖြင့် တတိယအအောင်မြင်ဆုံးဖြစ်ခဲ့သည်။
မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုများကို ရိုးရာလှေ၊ခြင်းလုံး၊မြှားပစ်၊ ပိုက်ကျော်ခြင်း နှင့် ဂေါက်သီးရိုက်အဖွဲ့များမှ ရယူပေးနိုင်ခဲ့ကြပြီး ကြက်တောင်၊ ဘက်စကက်ဘောနှင့် စားပွဲတင်တင်းနစ်အဖွဲ့များမှ ဆုတံဆိပ်တစ်ခုမှ ဆွတ်ခူးပေးနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။















