၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ဆုပေးပွဲ ဇန်နဝါရီပထမအပတ်၌ ကျင်းပမည်

၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ဆုပေးပွဲ ဇန်နဝါရီပထမအပတ်၌ ကျင်းပမည်

၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ဆုပေးပွဲ အခမ်းအနားကို လာမည့်နှစ် ဇန်နဝါရီ ပထမအပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူတစ်ဦးက  ထုတ်ဖော်ပြောဆိုခဲ့သည်။

ချီးမြှင့်မည်

ဆုပေးပွဲအခမ်းအနားတွင် ပြီးခဲ့သည့်ရာသီက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ ကျင်းပခဲ့သည့် ပြိုင်ပွဲအသီးသီးမှ ဆုရရှိသည့် အသင်းများနှင့် တစ်နှစ်တာဂိုးသွင်းအများဆုံးဆုရရှိသူများ၊ တစ်နှစ်တာ အကောင်းဆုံးဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကိုလည်း ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ဆုရရှိသည့်အသင်းများကိုလည်း ဆုများချီးမြှင့်မည်ဖြစ်သည်။ 

ချန်ပီယံဆု

ယခုနှစ်  မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုကို ရန်ကုန်ယူနိုက်တက်အသင်းက ဆွတ်ခူးခဲ့ပြီး နေရှင်နယ်လိဂ်ပြိုင်ပွဲ ဒုတိယဆုကို ရှမ်းယူနိုက်တက်၊တတိယဆုကို ဇွဲကပင်ယူနိုက်တက်အသင်းတို့က ရရှိခဲ့သည်။ နေရှင်နယ်လိဂ် -၂ချန်ပီယံဆုကို ရွိုင်ရယ်သန်လျင်၊ ဒုတိယဆုကို ဒဂုံအက်ဖ်စီ၊တတိယဆုကို တက္ကသိုလ်အသင်းတို့က ရရှိခဲ့သည်။

လူငယ်ပြိုင်ပွဲများတွင် နေရှင်နယ်လိဂ်ယူ-၂၁ချန်ပီယံဆုကို အားကာ/သိပ္ပံ(က) အသင်းက ရရှိခဲ့ပြီး ယူ-၂ဝလိဂ် ချန်ပီယံဆုကို အားကာ/သိပ္ပံ(ခ)အသင်းက ရရှိခဲ့သည်။ ယူ-၁၉လိဂ်ချန်ပီယံဆုကို ရှမ်းယူနိုက်တက်က ရရှိခဲ့ပြီး ယူ-၁၈လိဂ်ချန်ပီယံဆုကို ဒဂုံအက်ဖ်စီအသင်းက ရရှိခဲ့သည်။ မြန်မာအမျိုးသမီးလိဂ် ချန်ပီယံဆုကို မြဝတီအသင်းက ရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး