နယူးယော့ခ် ” တရုတ်ပြည်နှင့် အမေရိကန်နိုင်ငံတို့၏ ပြင်းထန်လာသော ပဋိပက္ခအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ဟွာဝေး တရုတ်ဆက်သွယ်ရေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မုန်ဝမ်ကျုတ်ကို ဖမ်းဆီးခြင်းသည် အန္တရာယ်ရှိသော လုပ်ရပ်တစ်ခုဖြစ်သည်။ တရုတ်ကို အမေရိကန်နိုင်ငံ၏ သြဇာလွှမ်းမိုးရန် ပြတ်ပြတ်သားသားလုပ်ဆောင်မှုမှာ ကမ္ဘာကြီးကို ဘေးအန္တရာယ်အတွင်းသို့ တွန်းပို့သကဲ့သို့ပင်ဖြစ်သည်။
ဖမ်းဆီးမှုနှင့်ဆက်စပ်စဉ်းစားရမည့် အကြောင်းရပ်များမှာမှာ အလွန်ကြီးကျယ်သည့် ကိစ္စရပ်များဖြစ်သည်။ မုန်ဝမ်ကျုတ်ကိုအမေရိကန်၏ မေတ္တာရပ်ခံချက်အရ ဟောင်ကောင်မှ မက္ကဆီကိုအသွား ခရီးစဉ်တွင် ကနေဒါနိုင်ငံ ဗန်ကူးဗား လေဆိပ်၌ ကနေဒါအစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မုန်ကိုအမေရိကန်နိုင်ငံသို့ တရားခံလွဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ထိုသို့ လုပ်ဆောင်ချက်က တရုတ်ပြည်၏ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကို အမေရိကန် စစ်ကြေညာသည့် အခြေအနေနီးပါးဖြစ်သည်။ ထိုလုပ်ရပ်သည် ပြည်ပနိုင်ငံများသို့ သွားရောက်လျက်ရှိကြသော အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များကို အခြားနိုင်ငံများက ထိုကဲ့သို့ ဖမ်းဆီးမှုပြုလုပ်နိုင်ခြေ မြင့်တက်ခဲ့သည်။
အမေရိကန်နိုင်ငံက အမေရိကန်နိုင်ငံသားဖြစ်ဖြစ်၊နိုင်ငံခြားသားဖြစ်ဖြစ် အကြီးတန်း စီးပွားရေးလုပ်ငန်းရှင်များကို ၎င်းတို့၏ ကုမ္ပဏီများ ကျူးလွန်သည်ဟု စွပ်စွဲထားသော ပြစ်မှုများအတွက် ဖမ်းဆီးခြင်းမရှိသလောက် ရှားပါးခဲ့သည်။ ၎င်းတို့၏ ကုမ္ပဏီ စွဲချက်တင်ခံရသော တရားမဝင်လုပ်ငန်းလုပ်ကိုင်မှုထက် ပုဂ္ဂိုလ်ရေး ကျူးလွန်မှုများဖြစ်သော အလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ အကြမ်းဖက်မှု စသည်တို့ဖြင့် စီးပွားရေးလုပ်ငန်း မန်နေဂျာများ ယေဘုယျအားဖြင့် ဖမ်းဆီးခံရလေ့ရှိသည်။
မုန်ဝမ်ကျုတ်သည် အီရန်နိုင်ငံကို အမေရိကန် ဒဏ်ခတ်အရေးယူမှုကို ချိုးဖောက်မှုဖြင့် စွဲချက်တင်ခံထားရသည်။ ၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အီရန်နိုင်ငံနှင့် အခြား နိုင်ငံများကို ချမှတ်ထားသော အမေရိကန်ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ခဲ့ဖူးသော အမေရိကန်နှင့် ပြည်ပနိုင်ငံများပိုင် ကုမ္ပဏီများအတွင်း ၎င်း၏ ဖမ်းဆီးမှုက တစ်ခုအပါအဝင်အဖြစ် ဆုံးဖြတ်ခဲ့ကြသည်။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ်တွင် ဂျေပီ မော်ဂန်ချေ့စ်ကကျူးဘား၊ အီရန်နှင့် ဆူဒန်နိုင်ငံတို့အပေါ် ချမှတ်ထားသော အမေရိကန် အရေးယူပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၃ သန်းပေးလျော်ခဲ့ရသည်။
၂၀၁၀ ပြည့်နှစ်မှစ၍ အမေရိကန် အရေးယူပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် ထင်ရှားသော ဘဏ္ဍာရေးအဖွဲ့အစည်းများဖြစ်သော ဘန်ကိုဒို ဘရာဇီးလ်၊ အမေရိကန်ဘဏ်၊ ဂွမ်ဘဏ်၊ မော်စကိုဘဏ်၊ တိုကျို မီဆူဘီရှီဘဏ်၊ ဘာကလေ၊ စတန်းဒက်ချာတာ စသည်တို့ ဒဏ်ကြေးငွေပေးဆောင်ခဲ့ကြရသည်။ သို့သော်ထိုအဖွဲ့အစည်းများက ဥက္ကဋ္ဌ၊သို့မဟုတ် ဒုတိယဥက္ကဋ္ဌများ အဆိုပါ ချိုးဖောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းမရှိခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံက မုန်ဝမ်ကျုတ်ကို ဖမ်းဆီးခဲ့မှုက အခွန်တိုးမြှင့်ကောက်ခံခြင်း၊ တရုတ်နည်းပညာမြင့် ပို့ကုန်များကို အနောက်တိုင်းဈေးကွက်များတွင် ပိတ်ပင်ခြင်းနှင့် အမေရိကန်”ဥရောပ နည်းပညာကုမ္ပဏီများကို တရုတ်နိုင်ငံက ဝယ်ယူမှုပိတ်ပင်ခြင်းဖြင့် တရုတ်စီးပွားရေးကျဆင်းအောင် အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အရေးကြီးဆုံး နည်းပညာကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ နည်းပညာမြင့်ကဏ္ဍများတွင် ထိုးဖောက်ဝင်ရောက်နေမှုကို ထရမ့်အစိုးရက နှေးကွေးစေရန်၊ သို့မဟုတ် ရပ်တန့်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ အထူးသဖြင့် အမေရိကန်နိုင်ငံက ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီကို ပစ်မှတ်ထားခြင်းက အဆိုပါကုမ္ပဏီ၏ ၅ ဂျီ ကွန်ရက်နည်းပညာ ကမ္ဘာအနှံ့ အောင်မြင်မှုကြောင့်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဟွာဝေးကုမ္ပဏီ၏ ဆော့ဖ်ဝဲနှင့် ဟတ်ဒ်ဝဲများတွင် ထောက်လှမ်းရေးပစ္စည်း ထည့်သွင်းထားနိုင်ခြေ စွမ်းရည်များကြောင့် လုံခြုံရေးအန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန်က အတည်ပြုပြောကြားခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံက ယခုအချိန်အထိ အဆိုပါ အတည်ပြုချက်နှင့် ပတ်သက်ပြီး သက်သေပြနိုင်ခြင်းမရှိသေးပေ။
ထရမ့်၏ လူမိုက်ဂိုဏ်းများဆန်ဆန် နည်းဗျူဟာများ ကြောင့် ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများ အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူ၏ဆန္ဒအရသာ ချမှတ်သော စည်းမျဉ်းစည်းများအတိုင်း ဆောင်ရွက်နေရသည်။ ဒီဇင်ဘာ ဒုတိယပတ်အတွင်းက ဘရပ်ဆဲလ်တွင် ကျင်းပသော အစည်းအဝေး၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက "ကျွန်တော်တို့ အစိုးရဟာ ခေတ်မမီတော့ဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာ အကျိုးစီးပွားတွေ၊ ဒါမှမဟုတ် မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို မဖော်ဆောင်နိုင်ဘူးဆိုရင် ဒီလိုစာချုပ်စာတမ်းတွေ၊ ကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့ တခြား အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေ ပြန်လည်ညှိနှိုင်းသုံးသပ်ခြင်းကို တည်ဆဲဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
မုန်ဝမ်ကျုတ် ဖမ်းဆီးခံရမှုသည် အမေရိကန် ပိုင်နက်ပြင်ပ ပိတ်ဆို့အရေးယူမှုများတွင် အခြေခံသောကြောင့် ရန်စမှုပုံစံ ပိုဆန်နေခဲ့သည့်အပြင် အမေရိကန်က အခြားနိုင်ငံများကို ကျူးဘား သို့မဟုတ် အီရန်ကဲ့သို့ နိုင်ငံများနှင့် ကုန်သွယ်ရေးရပ်ဆိုင်းရန် အမိန့်ပေးနိုင်သည်ကို အဆိုပါ ဖမ်းဆီးခံရမှုက အတည်ပြုနိုင်ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း သဘောတူညီချက်များအရ တရုတ်စီးပွားရေး လုပ်ငန်းအပေါ်ချမှတ်သည့် အမေရိကန် ပိတ်ဆို့အရေးယူမှုကဲ့သို့ အရေးယူမှုများကို နိုင်ငံတစ်နိုင်ငံတည်း အရေးယူဆေ အီရန် နျူကလီးယား သဘောတူညီချက်တွင် ပါဝင်သော အခန်းကဏ္ဍတစ်ခုအဖြစ် နိုင်ငံများကို အီရန်နိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ လျှော့ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၃၁ အရ တောင်းဆိုခဲ့သော်လည်း အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းသာ ထိုကိစ္စမျိုးတွင် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍကို လက်မခံဘဲ ပယ်ချခဲ့သည်။ ယနေ့ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး အန္တရာယ်မှာ ဟွာဝေးကုမ္ပဏီလည်းမဟုတ်၊နယူးယော့ခ် ” တရုတ်ပြည်နှင့် အမေရိကန်နိုင်ငံတို့၏ ပြင်းထန်လာသော ပဋိပက္ခအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ဟွာဝေး တရုတ်ဆက်သွယ်ရေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မုန်ဝမ်ကျုတ်ကို ဖမ်းဆီးခြင်းသည် အန္တရာယ်ရှိသော လုပ်ရပ်တစ်ခုဖြစ်သည်။ တရုတ်ကို အမေရိကန်နိုင်ငံ၏ သြဇာလွှမ်းမိုးရန် ပြတ်ပြတ်သားသားလုပ်ဆောင်မှုမှာ ကမ္ဘာကြီးကို ဘေးအန္တရာယ်အတွင်းသို့ တွန်းပို့သကဲ့သို့ပင်ဖြစ်သည်။ ဖမ်းဆီးမှုနှင့်ဆက်စပ်စဉ်းစားရမည့် အကြောင်းရပ်များမှာမှာ အလွန်ကြီးကျယ်သည့် ကိစ္စရပ်များဖြစ်သည်။ မုန်ဝမ်ကျုတ်ကိုအမေရိကန်၏ မေတ္တာရပ်ခံချက်အရ ဟောင်ကောင်မှ မက္ကဆီကိုအသွား ခရီးစဉ်တွင် ကနေဒါနိုင်ငံ ဗန်ကူးဗား လေဆိပ်၌ ကနေဒါအစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မုန်ကိုအမေရိကန်နိုင်ငံသို့ တရားခံလွဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ထိုသို့ လုပ်ဆောင်ချက်က တရုတ်ပြည်၏ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကို အမေရိကန် စစ်ကြေညာသည့် အခြေအနေနီးပါးဖြစ်သည်။ ထိုလုပ်ရပ်သည် ပြည်ပနိုင်ငံများသို့ သွားရောက်လျက်ရှိကြသော အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များကို အခြားနိုင်ငံများက ထိုကဲ့သို့ ဖမ်းဆီးမှုပြုလုပ်နိုင်ခြေ မြင့်တက်ခဲ့သည်။
အမေရိကန်နိုင်ငံက အမေရိကန်နိုင်ငံသားဖြစ်ဖြစ်၊နိုင်ငံခြားသားဖြစ်ဖြစ် အကြီးတန်း စီးပွားရေးလုပ်ငန်းရှင်များကို ၎င်းတို့၏ ကုမ္ပဏီများ ကျူးလွန်သည်ဟု စွပ်စွဲထားသော ပြစ်မှုများအတွက် ဖမ်းဆီးခြင်းမရှိသလောက် ရှားပါးခဲ့သည်။ ၎င်းတို့၏ ကုမ္ပဏီ စွဲချက်တင်ခံရသော တရားမဝင်လုပ်ငန်းလုပ်ကိုင်မှုထက် ပုဂ္ဂိုလ်ရေး ကျူးလွန်မှုများဖြစ်သော အလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ အကြမ်းဖက်မှု စသည်တို့ဖြင့် စီးပွားရေးလုပ်ငန်း မန်နေဂျာများ ယေဘုယျအားဖြင့် ဖမ်းဆီးခံရလေ့ရှိသည်။
မုန်ဝမ်ကျုတ်သည် အီရန်နိုင်ငံကို အမေရိကန် ဒဏ်ခတ်အရေးယူမှုကို ချိုးဖောက်မှုဖြင့် စွဲချက်တင်ခံထားရသည်။ ၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အီရန်နိုင်ငံနှင့် အခြား နိုင်ငံများကို ချမှတ်ထားသော အမေရိကန်ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ခဲ့ဖူးသော အမေရိကန်နှင့် ပြည်ပနိုင်ငံများပိုင် ကုမ္ပဏီများအတွင်း ၎င်း၏ ဖမ်းဆီးမှုက တစ်ခုအပါအဝင်အဖြစ် ဆုံးဖြတ်ခဲ့ကြသည်။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ်တွင် ဂျေပီ မော်ဂန်ချေ့စ်ကကျူးဘား၊ အီရန်နှင့် ဆူဒန်နိုင်ငံတို့အပေါ် ချမှတ်ထားသော အမေရိကန် အရေးယူပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၃ သန်းပေးလျော်ခဲ့ရသည်။
၂၀၁၀ ပြည့်နှစ်မှစ၍ အမေရိကန် အရေးယူပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် ထင်ရှားသော ဘဏ္ဍာရေးအဖွဲ့အစည်းများဖြစ်သော ဘန်ကိုဒို ဘရာဇီးလ်၊ အမေရိကန်ဘဏ်၊ ဂွမ်ဘဏ်၊ မော်စကိုဘဏ်၊ တိုကျို မီဆူဘီရှီဘဏ်၊ ဘာကလေ၊ စတန်းဒက်ချာတာ စသည်တို့ ဒဏ်ကြေးငွေပေးဆောင်ခဲ့ကြရသည်။ သို့သော်ထိုအဖွဲ့အစည်းများက ဥက္ကဋ္ဌ၊သို့မဟုတ် ဒုတိယဥက္ကဋ္ဌများ အဆိုပါ ချိုးဖောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းမရှိခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ အစိုးရဟာ ခေတ်မမီတော့ဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာ အကျိုးစီးပွားတွေ၊ ဒါမှမဟုတ် မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို မဖော်ဆောင်နိုင်ဘူးဆိုရင် ....
အမေရိကန်နိုင်ငံက မုန်ဝမ်ကျုတ်ကို ဖမ်းဆီးခဲ့မှုက အခွန်တိုးမြှင့်ကောက်ခံခြင်း၊ တရုတ်နည်းပညာမြင့် ပို့ကုန်များကို အနောက်တိုင်းဈေးကွက်များတွင် ပိတ်ပင်ခြင်းနှင့် အမေရိကန်”ဥရောပ နည်းပညာကုမ္ပဏီများကို တရုတ်နိုင်ငံက ဝယ်ယူမှုပိတ်ပင်ခြင်းဖြင့် တရုတ်စီးပွားရေးကျဆင်းအောင် အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အရေးကြီးဆုံး နည်းပညာကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ နည်းပညာမြင့်ကဏ္ဍများတွင် ထိုးဖောက်ဝင်ရောက်နေမှုကို ထရမ့်အစိုးရက နှေးကွေးစေရန်၊ သို့မဟုတ် ရပ်တန့်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ အထူးသဖြင့် အမေရိကန်နိုင်ငံက ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီကို ပစ်မှတ်ထားခြင်းက အဆိုပါကုမ္ပဏီ၏ ၅ ဂျီ ကွန်ရက်နည်းပညာ ကမ္ဘာအနှံ့ အောင်မြင်မှုကြောင့်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဟွာဝေးကုမ္ပဏီ၏ ဆော့ဖ်ဝဲနှင့် ဟတ်ဒ်ဝဲများတွင် ထောက်လှမ်းရေးပစ္စည်း ထည့်သွင်းထားနိုင်ခြေ စွမ်းရည်များကြောင့် လုံခြုံရေးအန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန်က အတည်ပြုပြောကြားခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံက ယခုအချိန်အထိ အဆိုပါ အတည်ပြုချက်နှင့် ပတ်သက်ပြီး သက်သေပြနိုင်ခြင်းမရှိသေးပေ။
ထရမ့်၏ လူမိုက်ဂိုဏ်းများဆန်ဆန် နည်းဗျူဟာများ ကြောင့် ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများ အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူ၏ဆန္ဒအရသာ ချမှတ်သော စည်းမျဉ်းစည်းများအတိုင်း ဆောင်ရွက်နေရသည်။ ဒီဇင်ဘာ ဒုတိယပတ်အတွင်းက ဘရပ်ဆဲလ်တွင် ကျင်းပသော အစည်းအဝေး၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက "ကျွန်တော်တို့ အစိုးရဟာ ခေတ်မမီတော့ဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာ အကျိုးစီးပွားတွေ၊ ဒါမှမဟုတ် မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို မဖော်ဆောင်နိုင်ဘူးဆိုရင် ဒီလိုစာချုပ်စာတမ်းတွေ၊ ကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့ တခြား အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေ ပြန်လည်ညှိနှိုင်းသုံးသပ်ခြင်းကို တည်ဆဲဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
မုန်ဝမ်ကျုတ် ဖမ်းဆီးခံရမှုသည် အမေရိကန် ပိုင်နက်ပြင်ပ ပိတ်ဆို့အရေးယူမှုများတွင် အခြေခံသောကြောင့် ရန်စမှုပုံစံ ပိုဆန်နေခဲ့သည့်အပြင် အမေရိကန်က အခြားနိုင်ငံများကို ကျူးဘား သို့မဟုတ် အီရန်ကဲ့သို့ နိုင်ငံများနှင့် ကုန်သွယ်ရေးရပ်ဆိုင်းရန် အမိန့်ပေးနိုင်သည်ကို အဆိုပါ ဖမ်းဆီးခံရမှုက အတည်ပြုနိုင်ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်း သဘောတူညီချက်များအရ တရုတ်စီးပွားရေး လုပ်ငန်းအပေါ်ချမှတ်သည့် အမေရိကန် ပိတ်ဆို့အရေးယူမှုကဲ့သို့ အရေးယူမှုများကို နိုင်ငံတစ်နိုင်ငံတည်း အရေးယူဆေ အီရန် နျူကလီးယား သဘောတူညီချက်တွင် ပါဝင်သော အခန်းကဏ္ဍတစ်ခုအဖြစ် နိုင်ငံများကို အီရန်နိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ လျှော့ချရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၃၁ အရ တောင်းဆိုခဲ့သော်လည်း အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းသာ ထိုကိစ္စမျိုးတွင် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍကို လက်မခံဘဲ ပယ်ချခဲ့သည်။ ယနေ့ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး အန္တရာယ်မှာ ဟွာဝေးကုမ္ပဏီလည်းမဟုတ်၊တရုတ်ပြည်လည်းမဟုတ် ထရမ့်အစိုးရသာဖြစ်သည်။
(ယခုဆောင်းပါးသည် ပရော့ဂျက်ဆင်ဒီဂိတ် ဆောင်းပါးရှင် ကိုလံဘီယာ တက္ကသိုလ် ကျန်းမာရေး မူဝါဒနှင့် စီမံခန့်ခွဲရေး ပါမောက္ခ ဂျက်ဖရီ ဒီဆက်စ်၏ အာဘော်သာဖြစ်သည်။) (Project Syndicate)