သတင်းမှားတွေ အမြဲရှိနေမှာလား

သတင်းမှားတွေ အမြဲရှိနေမှာလား

"သတင်းမှား"တွေဆိုတဲ့ အသုံးအနှုန်းဟာ အမေရိကန်သမ္မတထရမ့်က မနှစ်သက်တဲ့အကြောင်းကို အမြဲအသုံးပြုတဲ့ ဂုဏ်ပုဒ်ဖြစ်လာနေတယ်။ နောက်တစ်ချက်က သမားရိုးကျ သတင်းပေးပို့ချက် အသွင်နဲ့ တမင်မဟုတ်တဲ့ သတင်းကို ဖော်ပြတဲ့ သရုပ်ခွဲမှုကို အခြေခံတဲ့ အသုံးအနှုန်းလည်းဖြစ်တယ်။

ဒီပြဿနာကတော့ လုံးဝဆန်းသစ်တာတော့ မဟုတ်ဘူး။ ၁၉၂၅ ခုနှစ်တုန်းက( Harper's ) မဂ္ဂဇင်းက "သတင်းမှား"ရဲ့အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူးတယ်။ ဒီခေတ်မှာဆိုရင် အမေရိကန် လူကြီးတွေရဲ့  သုံးပုံနှစ်ပုံတို့ဟာ သတင်းတချို့ကို ဆိုရှယ်  မီဒီယာကရပြီး ကျန်တာကိုတော့ လုပ်ငန်းဆန်တဲ့ ပြင်ပရဲ့ ကြိုးကိုင်ခြယ်လှယ်မှု အထောက်အကူပြုကာ ပြဿနာ ဖြေရှင်းနည်း ဖော်ထုတ်ရာမှာ လိုက်နာဖို့စည်းကမ်းတွေ(algorithms) ကို အမြတ်အစွန်းအတွက်၊ သို့မဟုတ် အပုပ်ချဖို့ ရည်ရွယ်ချက်အတွက် အလွယ်တကူ အသုံးပြုနိုင်တယ်။

ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာရှိကြတဲ့ အပျော်တမ်း၊ သို့မဟုတ် အစိုးရဆိုင်ရာနဲ့ အဖွဲ့အစည်းအတော်များများ တို့ဟာ နည်းပညာ မူဝါဒလမ်းစဉ်ကနေ သတင်းယူပြီး ပြောင်းပြန်လုပ်တဲ့နေရာမှာ သမ္ဘာရပရိစ္ဆေဒခေါ်တဲ့ ဝါကျတစ်ခုကို သဒ္ဒါနည်းအရ ခွဲခြမ်းစိတ်ဖြာဖော်ပြတဲ့ နေရာမှာ ကျွမ်းကျင်ကြတယ်။ ရုရှားကို ချီးမွမ်းလို့ရတာ တစ်ခုကတော့ ဆိုရှယ်မီဒီယာကို လက်နက်အဖြစ် အသုံးပြုဖို့ နားလည်တဲ့ ပထမဆုံးအစိုးရဖြစ်ကာ အမေရိ ကန်ကုမ္ပဏီတွေကို ဆိုရှယ်မီဒီယာအပေါ် ဆန့်ကျင် အသုံးပြုစေတာပဲ ဖြစ်တယ်။

အွန်လိုင်းမှာ အလွန်များပြားတဲ့ သတင်းအချက် အလက်ရနိုင်တာကြောင့် လူတွေဟာ ဘာကိုစူးစိုက်ဖို့ အခက်အခဲရှိကြတယ်။ သတင်းအချက်အလက်ထက် အာရုံစိုက်တာဟာ ရဖို့ ရှားပါးတဲ့ အရင်းမြစ်ဖြစ်လာတယ်။ ကြီးမားတဲ့ အချက်အလက်နဲ့ လူသားတွေပြုလုပ်ထားတဲ့ အသိÓဏ်အတုတို့ဟာ ဆက်သွယ်မှုကို သေးငယ်တဲ့ ပစ်မှတ်ပြုလုပ်ခွင့် ပေးတာကြောင့် လူတွေရရှိတဲ့အချက် အလက်တွေဟာ အကန့်အသတ်နဲ့သာ ရရှိတယ်။

ဆိုရှယ်မီဒီယာက ကမ်းလှမ်းတဲ့ အခမဲ့ဝန်ဆောင်မှု တွေဟာ အမြတ်ရတဲ့ပုံစံကို အခြေခံတယ်။ သုံးစွဲသူတွေရဲ့ အချက်အလက်တွေနဲ့ အာရုံစိုက်မှုတို့ဟာ အမှန်တကယ် ထုတ်ကုန်တွေဖြစ်တယ်။ ဒါတွေကို ကြော်ငြာသူတွေထံ ရောင်းတယ်။ သုံးစွဲသူတွေ ဘာကြောင့် မအားတာကိုသိဖို့ algorithms  တွေကို တီထွင်ထားတယ်။ အဲဒီအခါမှာ သူတို့ကို ကြော်ငြာတွေပိုပေးနိုင်ကာ ဝင်ငွေကို ပိုပြီး ရစေနိုင်တယ်။

စိတ်ပိုင်းခံစားမှုဖြစ်တဲ့ နာကြည်းမှုမျိုးဟာ ပတ်သက်မှုကို စေ့ဆော်တယ်။ လက်ခံနိုင်စွမ်းမရှိဘဲ မမှန်တဲ့သတင်း တွေဟာ မှန်ကန်တိကျတဲ့ သတင်းတွေထက် ကြည့်ရှုသူ တွေကို ပိုပြီးပတ်သက်စေတယ်။ သုံးသပ်ချက်တစ်ခုရဲ့ တွေ့ရှိချက်က တစ်တာပေါ်က မမှန်ကန်တဲ့ထွက်ဆိုချက် တွေဟာ တိကျတဲ့ သတင်းတွေထက် ၂၀ ရာခိုင်နှုန်း တွစ်တာမှာ ပြန်လည်အတင်ခံရနိုင်တယ်။ အလားတူ ဂျာမနီနိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းက ဆန္ဒပြမှု တွေကိုသုံးသပ်ရာမှာ တွေ့ရှိချက်ကတော့ YouTube ရဲ့ algorithms က အစွန်းရောက် ကိစ္စတွေကို သိရှိအောင်သုံးစွဲသူတွေကိုစနစ်တကျ လမ်းညွှန်ပေးတယ်။ ဝင်ငွေအများဆုံးဖြစ်လို့ ဒီလို လုပ်တာဖြစ်တယ်။ သမားရိုးကျ သတင်းမီဒီယာအနေနဲ့ အချက်အလက် အမှန်စစ်ဆေးတာကို များသောအားဖြင့် မီအောင်မလုပ်နိုင်ဘဲ တစ်ခါတလေ ဖြစ်စေချင်တာနဲ့ တခြားစီဖြစ်ကာ မမှန်ကန်တဲ့အချက်အလက်တွေအပေါ် ပိုပြီး အာရုံစိုက်စေလာတယ်။

အဲဒီ သဘာဝကြောင့် ဆိုရှယ်မီဒီယာ အမြတ်ထုတ်တဲ့ ပုံစံကို နိုင်ငံတွေ၊ နိုင်ငံမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ လက်နက်အဖြစ် အသုံးချနိုင်တယ်။ မကြာသေးခင်ကပဲ သုံးစွဲသူတွေရဲ့ သီးသန့်တည်ရှိမှုကို ကာကွယ်ရာမှာ Facebook ရဲ့ မထီမဲ့မြင် အစဉ်အလာကြောင့် ဝေဖန် ပြစ်တင်ရှုတ်ချမှု ပြင်းထန်စွာ ခံနေရတယ်။Facebook  က ပုံမှန်ရင်ဆိုင်နေရတဲ့ သတင်းတွေ ချိတ်ဆက်မိစေဖို့ လှုပ်ရှားဆောင်ရွက်မှုတွေအတွက် ပြင်ဆင်ထားတာ မရှိခဲ့ဘူးလို့ ၂၀၁၆ ခုနှစ်က CEO မတ်ဇူကာဘတ်က ဝန်ခံခဲ့တယ်။ အဲဒီအချိန်ကစပြီး သင်ခန်းစာတွေအတော် ရခဲ့ပြီး သူ့ရဲ့ ဝန်ဆောင်မှုတွေမှာ ရွေးကောက်ပွဲဝင်ရောက် နှောင့်ယှက်မှုတွေကို ကာကွယ်နိုင်ဖို့ နည်းပညာနဲ့လူတွေ ပေါင်းစပ်ထားတဲ့ ခေတ်မီတဲ့စနစ်တွေကို တီထွင်ခဲ့ပြီးဖြစ်တယ်။

အဲဒီကြိုးပမ်းမှုတွေထဲမှာ မမှန်တဲ့ စာရင်းတွေ ရှာဖွေ ဖယ်ရှားတဲ့ အလိုအလျောက်အစီအစဉ်တွေ၊ အရင်ကထက် တမင်ဖန်တီးတဲ့ လုပ်ကြံသတင်းတွေ ပျံ့နှံ့မှုကို လျော့စေတဲ့ င်္ခေနဘသသု စာမျက်နှာတွေ ဖယ်ရှားခံရတဲ့ မမှန်စာရင်းတွေ အရေအတွက်အပေါ် ပွင့်လင်းမြင်သာတဲ့ အစီရင်ခံစာထုတ်ပြန်တာတွေ၊ နိုင်ငံရေးကြော်ငြာထည့်တဲ့ သူတွေရဲ့ နိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုတာတွေ၊ လုံခြုံရေး အတွက် နောက်ထပ် လူ ၁၀,ဝ၀ဝ ငှားရမ်းတာတွေနဲ့ သံသယရှိတဲ့ လှုပ်ရှားမှုကို ကိုင်တွယ်ဖို့ ဥပဒေကိုင်တွယ်မှုနဲ့ တခြားကုမ္ပဏီတွေကြား ညှိနှိုင်းမှုကောင်းမွန်လာရေးတို့ ပါဝင်တယ်။ ဒါပေမဲ့ ပြဿနာကို ဖြေရှင်းလို့ မရသေးဘူး။

ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေနဲ့ သူတို့စနစ်တွေကို ခေါင်းပုံဖြတ်ဖို့ ရင်းနှီးမြှုပ်နှံထားတဲ့ အစိုးရနဲ့ အစိုးရမဟုတ်သူတွေကြား လက်နက်ပြိုင်ဆိုင်မှုက ဆက်လက်ရှိနေမှာပဲ။Antificial Intelligence  (လူကလုပ်တဲ့အသိÓဏ်တု) လို နည်းပညာနဲ့ အဖြေရှာလို့လည်းမရဘူး။ ဘာကြောင့်လဲ ဆိုရင် သတင်းအမှားဟာ များသောအားဖြင့် သည်းထိတ် ရင်ဖိုနဲ့ တရားလွန်တာတွေကြောင့် သတင်းအစစ်အမှန် ထက်ဝေးလံပြီး မြန်ဆန်စွာ သွားလာတယ်။

၂၀၁၆ ခုနှစ်တုန်းက အမေရိကန်သမ္မတ ရွေးကောက် ပွဲအတွက် ပြင်ဆင်ရာမှာ ရုရှား၊ စိန့်ပီတာစဘာ့ဂ်မြို့မှာ ရှိတဲ့Internet Research Agency  ဟာ အမေရိကန် ဒေသခံ သတင်းထွက်ပေါက်တွေအဖြစ် ဟန်ဆောင်ဖို့ ဒါဇင်ချီရှိတဲ့ ဆိုရှယ်မီဒီယာစာရင်းတွေကို ဖန်တီးဖို့ တစ်နှစ်ကျော် အချိန်ယူခဲ့တယ်။ သတင်းတွေဟာ တစ်ခါတလေ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ယောက်ကို ထောက်ခံတာမျိုး ရှိသလို များသော အားဖြင့်ကတော့ ဒီမိုကရေစီဝါဒအပေါ် ပရမ်းပတာနဲ့ စက်ဆုပ်ရွံရှာမှုဖြစ်စေတဲ့ အမြင်မျိုးကို ဖြစ်စေတယ်။

Communication Decency Act ကို အမေရိကန် အောက်လွှတ်တော်က ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ရတယ်။ အဲဒီအချိန်က တည်ထောင်ခါစ ဆိုရှယ်မီဒီယာကုမ္ပဏီ တွေကို သုံးစွဲသူတွေ တစ်ယောက်နဲ့တစ်ယောက်ကြား ကြားနေ တယ်လီကွန်း ဖြည့်ဆည်းပေးသူတွေအဖြစ် ဆက်ဆံခဲ့ကြတယ်။ ဒါပေမဲ့ ဒီပုံစံကတော့ ခေတ်ကုန်သွားပြီ။ အဓိကကုမ္ပဏီကြီးတွေဟာ နိုင်ငံရေးဖိအားပေးမှုကြောင့် သူတို့ရဲ့ ကွန်ရက်တွေကို သေချာစွာ စောင့်ထိန်းကာ botnets  (သုံးစွဲသူတွေမသိကြတဲ့၊ သို့မဟုတ်မလိုချင်တဲ့ ဆော့ဖ်ဝဲဗိုင်းရပ်စ်တစ်ခုက ထိန်းချုပ်ထားတဲ့ ကွန်ပျူတာအုပ်စု)တွေကဖြန့်တဲ့ သတင်းအမှားတွေကို ဖျက်ပစ်တယ်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမပြင်ဆင် ချက်က ကာကွယ်ထားတဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်မှုတွေလုပ်ရင် ခက်ခဲပြီး လက်တွေ့ကျတဲ့ ပြဿနာတွေပေါ်လာတယ်။ စက်ယန္တရားတွေနဲ့ အမေရိကန် နိုင်ငံသားမဟုတ်သူတွေဟာ ပထမပြင်ဆင်ချက် ရပိုင်ခွင့်တွေမရှိကြဘူး။ (တစ်သီးပုဂ္ဂလကုမ္ပဏီတွေဟာ ပထမ ပြင်ဆင်ချက်အတိုင်း လိုက်နာဖို့မလိုတဲ့အတွက်) ပြည်တွင်းအုပ်စုတွေနဲ့ သီးသန့်လူပုဂ္ဂိုလ်တွေမှာ ဒီအခွင့်အရေး ရှိကြတဲ့အတွက် နိုင်ငံခြားလွှမ်းမိုးချင်သူတွေအတွက် ကြားဝင်ဖျန်ဖြေပေးသူတွေအနေနဲ့ ဆောင်ရွက်ပေးနိုင်တယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံခြားကလူတွေကြောင့် ပျက်စီးဆုံးရှုံးမှုဟာ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့လုပ်တာ လောက်တော့ မများဘူးလို့ဆိုနိုင်တယ်။ သတင်းအမှားနဲ့ သတင်းအမှန် အရင်းမြစ်တွေကို နိုင်ငံခြားက ဟန်ဆောင်ခြင်းဟာ ဖြေရှင်းဖို့ခက်ခဲတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် တို့ရဲ့ အရေးကြီးတဲ့ တန်ဖိုးထားမှုတွေထဲမှာ အကောင်းဆုံး အခြေအနေဆီရောက်အောင် အပေးအယူလုပ်တာတွေနဲ့ ပတ်သက်နေလို့ဖြစ်တယ်။ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေ ကလည်း ဆင်ဆာလုပ်ခံရမှာကို သတိရှိတာကြောင့် သူတို့ကို ထိမ်ချန်မှုနဲ့ ဝန်ဆောင်ခ နှစ်ခုစလုံးအတွက် ဝေဖန်ရှုတ်ချတဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေရဲ့ ထိန်းသိမ်းမှုကို ရှောင်လိုကြတယ်။

ဥရောပက ရွေးကောက်ပွဲတွေက အတွေ့အကြုံက ဘာအကြံပြုသလဲဆိုရင် စုံစမ်းထောက်လှမ်း ဖော်ထုတ် ရေးသားတဲ့ သတင်းပညာနဲ့ ပြည်သူတွေကို ကြိုတင် သတိပေးတာဟာ မဲဆန္ဒရှင်တွေကို သတင်းမှားတွေပို့တဲ့ လုပ်ရပ်တွေကနေ ကာကွယ်ဖို့ အထောက်အကူပြုတယ်။ ဒါပေမဲ့ သတင်းအမှားတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ ဖြန့်ချိသူတွေနဲ့ သူတို့ခေါင်းပုံဖြတ်လိုတဲ့ ကုမ္ပဏီတွေရဲ့ မူဝါဒလမ်းစဉ်တွေကြား ကိုယ့်လက်ခုပ်ထဲရောက်နေသူကို အမျိုးမျိုး ညှဉ်းဆဲတဲ့အဖြစ်မျိုး ဖြစ်နေဖို့များတယ်။ နေရာ တကာ ရွေးကောက်ပွဲတွေရဲ့ နောက်ကွယ်က ဆူညံသံ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပဲ။ ကျွန်တော်တို့ရဲ့ ဒီမို ကရေစီဝါဒကို ကာကွယ်ဖို့ပေးဆပ်ရမယ့် အရာကတော့ အမြဲ နိုးနိုးကြားကြား ရှိနေဖို့ပဲဖြစ်တယ်။

(ဤဆောင်းပါးသည်Joseph S.Nye Jr.,၏ အာဘော်သာဖြစ်သည်။ သူသည် Harvard တက္ကသိုလ်ကပါမောက္ခတစ်ဦးဖြစ်ပြီs the American Century Over  စာအုပ်ကို ရေးသားခဲ့သည်။( Project Syndicate)