ယီမင် ပြည်တွင်းစစ်က ကလေးစစ်သားများ

ယီမင် ပြည်တွင်းစစ်က ကလေးစစ်သားများ

မာရစ်(ယီမင်) ” လေးနှစ်ကြာ ဖြစ်ပွားလျက် ရှိသော ယီမင်နိုင်ငံ ပြည်တွင်းစစ်တွင် အသက် ၁၀ နှစ်အထိ ငယ်ရွယ်သော ကလေး များကို တိုက်ပွဲသို့ စစ်သည်အဖြစ် စေလွှတ် လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကွန်ဗင်းရှင်းပါ အချက်အလက်များကို ချိုးဖောက်လျက်ရှိသည်။ အထူးသဖြင့် ဟူသီ သူပုန်တို့သည် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ထက် ကလေးစစ်သားများကို မကြာခဏဆိုသလို အဓမ္မစည်းရုံးခဲ့ကြသည်။

ဟူသီသူပုန်တို့သည် ၂၀၁၄ ခုနှစ် ယီမင် ပြည်တွင်းစစ် စတင်ကတည်းကပင် ၎င်းတို့၏ သူပုန်တပ်ဖွဲ့များတွင် ကလေးစစ်သည်အင်အား ၁၈çဝ၀ဝ ကို ဖြည့်ဆည်းထားခဲ့ကြောင်း ဟူသီ အမည်မဖော်လိုသော စစ်ဘက်အထက်တန်းအရာရှိ တစ်ဦးက အေပီ သတင်းဌာနသို့ အသိအမှတ်ပြု ပြောကြားခဲ့သည်။

ကုလသမဂ္ဂကလည်း ယီမင်ပဋိပက္ခတွင် နှစ်ဖက်စလုံး၌ စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ကလေးပေါင်း ၂,၇၂၁ ဦးကို စုဆောင်းခဲ့ ကြောင်းအတည်ပြုခဲ့သည်။ အများစုမှာ ဟူသီ များဖြစ်သည်။ သို့ရာတွင် ထိုစာရင်းမှာ အတော်နည်းနေပုံရသည်။ ဟူသီ ပြည်သူ့စစ်များ၏ လက်စားချေ တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ မိသားစုအတော်များများက ကလေးစစ်သားစုဆောင်းခံရခြင်းကို မပြောကြားခဲ့ကြပေ။

ယီမင် ကလေးအချို့ အေပီသတင်းဌာနသို့ ပြောကြားရာတွင် ၎င်းတို့သည် သူပုန်တပ်များ အတွင်းသို့ လိုလိုလားလား ပူးပေါင်းပါဝင်ခဲ့ ကြခြင်းဖြစ်ပြီး အဓိကအကြောင်းရင်းမှာ ငွေကြေးရရှိရန် သေချာခြင်း၊ သို့မဟုတ် လက်နက်ကိုင်ဆောင်ရန် အခွင့်အရေးရခြင်း တို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

အချို့ကလေးများကိုမူ ဟူသီတို့က ကျောင်း များ၊ သို့မဟုတ် နေအိမ်များက ပြန်ပေးဆွဲကာ အဓမ္မ စစ်မှုထမ်းခိုင်းခြင်းဖြစ်သည်။ ယီမင် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်း အဓိက လမ်းမကြီးများ တစ်လျှောက်ရှိ စစ်ကြောရေး ဂိတ်များတွင် အေကေ ၄၇ သေနတ်များ ပခုံး တွင်ချိတ်ထားသော ကလေးစစ်သား အတော် များများကို တွေ့ကြရသည်။

ယီမင် ပြည်တွင်းစစ်ပွဲစကတည်းက ကလေးပေါင်း ၆çဝ၀ဝ ကျော် သေဆုံး၊ သို့မဟုတ် ခြေပြတ်လက်ပြတ်ဖြင့် ဒုက္ခိတဖြစ်ခဲ့ကြရသည် ဟု ယူနီဆက်ဖ်အဖွဲ့က အောက်တိုဘာလ အတွင်းက ဖော်ပြခဲ့သည်။ သို့ရာတွင် ကုလသမဂ္ဂ အေဂျင်စီဖြစ်သော ယူနီဆက်ဖ်သည် ကလေးစစ်သည် မည်ရွေ့မည်မျှ ပါဝင်တိုက် ခိုက်နေသည်ကို အတိအကျ မဖော်ပြခဲ့ဟု သိရသည်။