ဒေါ်လာ ၂၂၉ သန်းတန် ဂျီနိုအာ တံတားစီမံကိန်း ဆောက်မည်
မီလန်-အီတလီနိုင်ငံ ဂျီနိုအာမြို့တွင် ယမန်နှစ် နွေကာလအတွင်းက ပြိုကျသွားခဲ့သော မိုရန်ဒီ တံတားကြီးကို အစားထိုးတည်ဆောက်ရန် ဒေါ်လာ ၂၂၉ သန်းတန် လုပ်ငန်းစီမံကိန်းကြီး တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း မြို့တော်ဝန် မာကို ဘာစီက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။
ဂျီနိုအာဇာတိ ဗိသုကာပညာရှင် ရန်ဇို ပီအာနိုက ဦးစီးဆောင်ရွက်မည်ဖြစ်သည်။ ၎င်းတံတားကြီး ကို အီတလီ ကုမ္ပဏီသုံးခုဖြစ်သည့် ဆောက်လုပ် ရေးလုပ်ငန်းကုမ္ပဏီ ဆာလီနီ အင်ပယီဂျီလို၊ နိုင်ငံပိုင် သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီ ဖင်ကန်တီရီ၏ လုပ်ငန်းခွဲနှင့် အီတယ်လ်ဖာ နိုင်ငံပိုင် ရထားလမ်းလုပ်ငန်း ကုမ္ပဏီတို့က ယင်းစီမံကိန်းကို တစ်နှစ်အတွင်း အပြီးအကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်သည်။
















