မိုးမိတ်မြို့တွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းတစ်ထောင်ကျော်ဖိုး သိမ်းဆည်းရမိ

မိုးမိတ်မြို့တွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်းတစ်ထောင်ကျော်ဖိုး သိမ်းဆည်းရမိ

မိုးမိတ်မြို့နယ်အတွင်းရှိ တဲ ၂ ခုအတွင်းမှ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း ၁၃၅၇ ကျော်ဖိုးခန့်ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်က သိရသည်။

ဒီဇင်ဘာ ၁၉ ရက်  နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ မိုးမိတ်ခရိုင် မိုးမိတ်မြို့၏ အနောက်မြောက်ဘက် (၂၅)မိုင်ခန့်အကွာရှိမိုးဟောက်ကျေးရွာအုပ်စု ရွှေသဲဝကျေးရွာ အားတီနှင့်ဇနီးဖြစ်သူ ယန်းလွင်ဖန်းတို့၏ နေအိမ် ဈေးဆိုင်၌ မူးယစ်ဆေးဝါးရောင်းချနေ ကြောင်း သတင်းအရ သက်ဆိုင်ရာက ဝင်ရောက် ရှာဖွေခဲ့သည်။

အဆိုပါနေအိပ်ခန်းအတွင်း ခြေရင်းဝဲဘက်ထောင့်မှ အဖြူရောင်မြွေရေခွံအိတ် အတွင်းမှ ဘိန်းဖြူဟု ယူဆရသော အဖြူရောင်အမှုန့်များထည့်ထားသည့် ရောင်စုံဆပ်ပြာခွက် စုစုပေါင်း (၆၂၇) ခွက် နှင့် ကျပ် ၅၇၀ဝ၀ဝ တို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

ဆက်လက်ရှာဖွေစဉ် ၄င်းနေအိမ်အတွင်းနေ သန့်ဇင်ထူး ၊ အိုက်ဝှာ ၊ယန်ဝူး ၊ အားမို (၄)ဦးတို့ ၏ကွပ်ပြစ်ခြေရင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀)ပြား၊ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင် အမှုန့် (၂)ဂရမ်ပါ (၂)ဗူးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်စုံစမ်းချက်အရ ၄င်းတို့၏ဈေးဆိုင်တဲ အနောက်ဘက်ရှိ လင်းလက် ၊နေလင်း၊ မင်းသူတို့ (၃)ဦး အိပ်နေသည့် ခြေရင်းဘက်မှ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသောဆေးပြား ၈၀ဝ၀ တို့အားဆက်လက် ရှာဖွေတွေ့ရှိခဲ့သည်။

သက်ဆိုင်ရာက သိမ်းဆည်းခဲ့သည့် စုစုပေါင်း ဘိန်းဖြူအလေးချိန် (၆ ဒသမ ၂၇၄)ကီလိုဂရမ် ၊စိတ်ကြွရူး သွပ် ဆေးပြား(၈၂၅၀)ပြား ၊အလေးချိန် (သုည ဒသမ ၇၄၂၅) ကီလိုဂရမ် ၊  ကာလတန်ဘိုး ၁၃၅,၇၀၆,၀ဝ၀ နှင့် ကျပ် ၅၇၀ဝ၀ဝ တို့နှင့်အတူ ဖမ်းဆီးရမိသူ ကိုးဦးကို မိုးမိတ်မြို့နယ် ရဲစခန်းက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဆိုင်ရာ ဉပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။