ဂုတ်တွင်းအဆင်း၌ ယာဉ်ဘရိတ်ပေါက်တိမ်းမှောက်မှုဖြစ်ပွား တစ်ဦး သေဆုံး

ဂုတ်တွင်းအဆင်း၌ ယာဉ်ဘရိတ်ပေါက်တိမ်းမှောက်မှုဖြစ်ပွား တစ်ဦး သေဆုံး

ကျောက်မဲမြို့ ဂုတ်တွင်းအဆင်း၌ ယာဉ်ဘရိတ်ပေါက်တိမ်းမှောက်ပြီး  ယာဉ်ပေါ်ပါသူ အမျိုးသားတစ်ဦး သေဆုံးခဲ့မှု ဒီဇင်ဘာ ၂၀ ရက်နေ့ (ယနေ့)ဖြစ်ပွားခဲ့ သည်။

"ဂုတ်တွင်းအဆင်းမှာ ဘရိတ်ပေါက်ပြီး လမ်းဘေးက ကာရံထားတဲ့ အလူမီနီယံချောင်းတွေကို ဝင်တိုက်ပြီး ကျွန်းပင်ကို ဝင်တိုက်သွားတာပါ။ ကားမောင်းတဲ့ သူကတော့ ထိခိုက်ဒဏ်ရာရမှု သိပ်မရှိပေမယ့်။ အုံနာ/စပယ်ယာ အမျိုးသားက ခန္ဓာကိုယ်အောက်ပိုင်း ညပ်ပြီး သေဆုံးခဲ့တာပါ" ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိုင်)မှ အတွင်းရေးမှူး ဦးစိုင်းနေအောင် က မြန်မာတိုင်းမ်ကို ပြောသည်။

ယာဉ်ခေါင်းပိုင်းတွင် ညပ်မိသေဆုံးနေသည့် အသက် ၆၀ နှစ်အရွယ်အမျိုးသား၏ အလောင်းကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)မှ ခက်ခဲစွာထုတ်ယူခဲ့ရပြီး ကျောက်မဲဆေးရုံ အအေးတိုက်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူကို သက်ဆိုင်ရာက အမှုဖွင့် စစ်ဆေးလျက်ရှိသည်။