စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်မြှင့်တင်ရေးအသင်း နာဂသို့သွားမည်

စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်မြှင့်တင်ရေးအသင်း နာဂသို့သွားမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ကာ နာဂခရီးစဉ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၈ ရက်အထိ သွားရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိ

အဆိုပါခရီးစဉ်တွင် ကား ၁၉ စီးဖြင့် လူ ၆၁ ဦးလိုက်ပါမည်ဖြစ်ကာ မုံရွာမြို့မှ စတင်၍ အလောင်းတော်ကဿပ၊ ကလေးဝမြို့၊ မော်လိုက်မြို့၊ ဟုမ္မလင်းမြို့၊ လေရှီးမြို့ရှိ နာဂ ရိုးရာပွဲတော်၊ မူးချောင်း၊ မိုင်းချောင်းနှင့် မဟာ မြိုင်တောလမ်း -သက္ကယ်ကျင်း-ရေဦး–-ရွှေဘို မြို့များကို ဖြတ်၍ စစ်ကိုင်းမြို့မှ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရ သည်။

"ဒီခရီးစဉ်စီစဉ်ဖြစ်တာက အစိုးရက စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက်လုပ်တဲ့ လုပ်ငန်းစဉ်ထဲက တစ်ခုပေါ့။ တိုင်းအစိုးရက သွားဖို့လိုတဲ့ ဘယ်ဒေသတွေ နေရာတွေ သွားသင့်တယ်၊ လမ်းကြောင်းတွေကို လမ်းညွှန်ပေးမယ်။ လုံခြုံရေး၊ နေရေး၊ ထိုင်ရေး လုပ်ပေးမယ်။ စစ်ကိုင်းတိုင်းက သိပ်ကျယ်တဲ့ ဒေသဖြစ်တော့ ပထမအကြိမ်တုန်းက စစ်ကိုင်း တိုင်းရဲ့ အရှေ့ဘက်တစ်ခြမ်းပေါ့။ အခုက ချင်းတွင်းမြစ်ဘက်ခြမ်းကို လုပ်ပေးတာ။ ချင်းတွင်းမြစ်ဘက်ခြမ်းက ပွင့်လင်းရာသီမှာ သွားလို့ရတာပေါ့။ တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ အခုက လေရှီးထိပဲပေါ့။ နောက် တစ်ကြိမ်ဆို မိုင် ၁၄၀ လောက် မြောက်ဘက် ခြမ်းကို သွားလို့ရသေးတယ်။ ဇလုံတောင် ခရီးစဉ်ကိုလည်း တိုင်းအစိုးရက ဖော်ထုတ်ပေး ခဲ့ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းဌေးက ပြောဆိုသည်။

ပူးပေါင်းစီစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၏ ခရီးသွားကဏ္ဍကို ဖော်ထုတ်ရန်အတွက် ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ကောလင်း၊ မုံရွာ၊ ရန်ကုန်ခရီးစဉ်ကိုလည်း တိုင်းအစိုးရနှင့် မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းတို့ ပူးပေါင်းစီစဉ်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်ခရီးသွား လုပ်ငန်းဖော်ဆောင်ရန် နေရာဒေသများစွာ ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး