ကျောက်မြောင်းရွှေကျွန်းသာ အပန်းဖြေစခန်း ဒီဇင်ဘာကုန်၌  ဖွင့်မည်

ကျောက်မြောင်းရွှေကျွန်းသာ အပန်းဖြေစခန်း ဒီဇင်ဘာကုန်၌  ဖွင့်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်း မြို့နယ်ဆယ်ပင်ကျွန်းကျေးရွာအနီးရှိ ဧရာဝတီ မြစ်လယ်ကျွန်းပေါ်တွင် တည်ဆောက်ထားသည့် ရွှေကျွန်းသာအပန်းဖြေစခန်းကို ဒီဇင်ဘာ ၃၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ခရီးသွားဖွံ့ဖြိုးရေးကော်မတီမှ သိရသည်။

အပန်းဖြေစရာ

အဆိုပါ ရွှေကျွန်းသာအပန်းဖြေစခန်း၌ သဘာဝသဲသောင်ပြင်ပေါ်တွင် ဒေသခံပညာ ရှင်များ ပြုလုပ်ဖန်တီးထားသည့် သဲပန်းပု၊ ရေပေါ်စက်ဘီးစသည့် အပန်းဖြေစရာများစွာ ကို ပြုလုပ်ဆောင်ရွက်ထားကြောင်း စစ်ကိုင်း တိုင်းဒေသကြီးခရီးသွားဖွံ့ဖြိုးရေးကော်မတီ အဖွဲ့ဝင် ဦးမင်းထင်က ပြောဆိုသည်။

ရွှေကျွန်းသာ အပန်းဖြေစခန်း စတင်ဖွင့် လှစ်မည့် ဒီဇင်ဘာ ၃၁ ရက်တွင် လာရောက် လည်ပတ်မည့်သူများကို သောင်ပြင်ထမင်း၊ သောင်ပြင်ဟင်းအဖြစ် ငါးမာလာဟင်းနှင့် အရန်ဟင်း သုံးမျိုး၊ ဝိုင်နှင့် ဒေသထွက်ခေါင် ရည်၊ ငါးကင်၊ ခေတ်ပေါ်တေးဂီတစသည့် အပန်းဖြေစရာ အစုံအလင်ဖြင့် ဧရာဝတီမြစ် လယ်က ကျွန်းပေါ်၌ နှစ်သစ်ကူးကို ပျော်ပျော် ရွှင်ရွှင်ကြိုဆိုရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါနေ့အတွက် ရွှေကျွန်းသာ အပန်းဖြေစခန်း ဝင်ကြေးအပါအဝင် လူတစ်ဦး အတွက် ကူးတို့ခအသွားအပြန် ငွေကျပ် ၈၀ဝ၀ ကောက်ခံမည်ဖြစ်ကြောင်း ဦးမင်းထင်က ဆက်လက်ပြောဆိုသည်။

ထိန်းသိမ်းစောင့်ရှောက်

ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးပေးရန်၊ ဝန်ဆောင်မှု သဘော တရားများ ဖြန့်ဝေပေးရန်၊ စိုက်ပျိုးမြေအဖြစ် သုံးမရသည့် သဲသောင်ပြင်ကို အများပြည်သူ ပျော်ရွှင်စေရန်၊ တံငါလုပ်ငန်းအစားထိုးဝင်ငွေ ရရှိရေးလုပ်ငန်းအဖြစ် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ပါဝင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အပန်းဖြေစခန်းကို သောင်ပြင်ပေါ် နေသည်အထိ ဖွင့်လှစ်ထားရှိပေးမည်ဖြစ်ပြီး ရေရှည်တွင်ရသည့် အကျိုးအမြတ်များမှ သောင်ပြင်နှင့်ဆက်စပ်နေသည့် ကျေးရွာများရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက်အသုံး ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရွှေကျွန်းသာ အပန်းဖြေစခန်းကို မန္တလေး တိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မြောင်းမြို့အကြား ဧရာဝတီ မြစ်လယ်ကျွန်းပေါ်တွင် ပြုလုပ်ထားခြင်းဖြစ်၍ စဉ့်ကူးမြို့မှ ကူးတို့မော်တော်ဖြင့်လည်းကောင်း၊ ကျောက်မြောင်းမြို့မှ ကူးတို့မော်တော်ဖြင့် လည်းကောင်း လာရောက်၍ရကြောင်း သိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး