မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသအတွင်းရှိ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ဖွဲ့စည်းထား သော ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီဝင်များနှင့် လက် တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ် ငန်းများတွင် ပြည်သူပူးပေါင်းပါဝင်လာရန်လို ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောဆိုသည်။
အမြင်များပြောင်းလဲရန်
ဒီဇင်ဘာ ၁၉ ရက်က မွန်ပြည်နယ် မော် လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပသည့် ကဏ္ဍစုံပါဝင်သော ကမ်းရိုးတန်းစီမံအုပ်ချုပ် မှုအကြောင်း မိတ်ဆက်ရှင်းလင်းပွဲ၌ ယင်းကဲ့ သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာ့ကမ်းရိုးတန်း ဒေသအတွင်းရှိ ဒီရေတောဂေဟစနစ်၊ သန္တာ ကျောက်တန်းဂေဟစနစ်၊ ပင်လယ်ရေအောက် မြက်ခင်း ရွှံ့နွံလတာပြင်၊ မြစ်ဝကျွန်းပေါ်နှင့် သဲသောင်ကမ်းခြေဂေဟစနစ်များမှာ မြန်မာ့ ပင်လယ်ကမ်းရိုးတန်းဒေသသည် ကီလိုမီတာ ၂၃၈၂ ရှည်လျားသည့်အတွက် နီးစပ်ရာဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ ဂေဟစနစ်ရေရှည်တည်တံ့ရေးအတွက် ပါဝင် လုပ်ဆောင်ရာတွင် အမြင်များလည်း ပြောင်း လဲရန်လိုအပ်သည်ဟု ၎င်းက ပြောဆိုသည်။
ကဏ္ဍစုံပါဝင်သော ကမ်းရိုးတန်းစီမံအုပ် ချုပ်မှုအပေါ် ပညာရှင်များက ဒီရေတောအရေး ကြီးပုံနှင့် ဂေဟစနစ်မပျက်စီးအောင် ထိန်း သိမ်းစောင့်ရှောက်ရန်လိုအပ်သည့်အတွက် စီမံအုပ်ချုပ်မှုအဆင့်ဆင့်တွင် ရေရှည်တည်တံ့ အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် ဒေသခံအသိအမြင်အားကောင်းလာပါ မှ အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ် ကြောင်း ဒေါက်တာအေးဇံက ဆက်လက် ပြောဆိုသည်။















