မြိတ်အပန်းဖြေကျွန်းများ၌ ရေသန့်ပလတ်စတစ်ဘူးများကြောင့် ကမ်းခြေသန့်ရှင်းရေးထိခိုက်၊ အမြဲသုံးဘူးများ အသုံးပြုရန်စီစဉ်

မြိတ်အပန်းဖြေကျွန်းများ၌ ရေသန့်ပလတ်စတစ်ဘူးများကြောင့် ကမ်းခြေသန့်ရှင်းရေးထိခိုက်၊ အမြဲသုံးဘူးများ အသုံးပြုရန်စီစဉ်

မြိတ်ကျွန်းစု၏ အပန်းဖြေကျွန်းများသို့ ခရီးသွားပြည်သူများ သွားလာမှုများပြားလာ ရာမှ ကျွန်းပေါ်တွင် စည်းကမ်းမဲ့စွန့်ပစ်ထား သည့် ဖော့ခွက်နှင့် ရေသန့်ပလတ်စတစ်ဘူး များကြောင့် ကမ်းခြေသန့်ရှင်းသာယာရေးကို ထိခိုက်မှုများရှိလာရာ ၎င်းပစ္စည်းအသုံးပြုမှု များလျှော့ချနိုင်ရန် မြိတ်ခရီးသွားလုပ်ငန်းရှင် များအသင်းမှ စတင်စီစဉ်နေကြောင်း သိရ သည်။

စီစဉ်နေ

မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က "လက်ရှိက တော့ ကျွန်တော်တို့ စလုပ်ဖို့ပြင်နေပါပြီ။ ပြီးခဲ့ တဲ့ရက်ပိုင်းက လုပ်ငန်းရှင်တွေအားလုံးနဲ့ ဆွေးနွေးတဲ့အစည်းအဝေးမှာ ဆုံးဖြတ်ပြီး တော့ လုပ်ဖို့စီစဉ်နေတာ ဖြစ်ပါတယ်"ဟု ပြောဆိုသည်။

ကျွန်းခရီးများပြေးဆွဲနေသည့် စပိဘုတ် လှေများတွင် ခရီးသည်များအား စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်ရန်အတွက် ဝန်ဆောင်မှု အကောင်းဆုံးဖြစ်စေရန် အအေး၊ ရေသန့်ဘူး နှင့်မုန့်များ စသည့်အခြားသောစားသောက် ဖွယ်ရာများကို ခရီးစဉ်တွင် အများဆုံးထည့် ပေးထားလေ့ရှိရာ လက်ရှိမှာကျွန်းပေါ်၌ ဖော့ခွက်နှင့် ရေသန့်ဘူးအမှိုက်များ စွန့်ပစ်မှု တွေများလာရာမှ ယခုကဲ့သို့စီစဉ်ရခြင်းဖြစ် ကြောင်း သိရသည်။

"ခရီးသွားတွေများလာတော့ ကျွန်းတွေမှာ ထမင်းစား တစ်ခါသုံးဖော့ခွက်တွေနဲ့ ရေသန့် ဘူးတွေ စည်းကမ်းမဲ့စွန့်ပစ်တာများလာလို့ ဂိုက်တွေလည်း မကောက်နိုင်တော့ဘူး။ ဒါ ကြောင့် အခုလိုမျိုး မိမိသောက်တဲ့ ရေဘူးတွေ ကို အလွယ်တကူမပစ်အောင် အမြဲသုံးလို့ရတဲ့ ဖန်ပုလင်းရေဘူးလေးတွေကိုထည့်ပေးဖို့ စီစဉ် နေပါပြီ။ အဲ့ဒီ ရေထည့်သောက်မယ့်ဖန်ပုလင်း တွေ ခရီးသည်ကို ကျွန်တော်တို့က င်္မနန အဖြစ် လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်၊ ကုမ္ပဏီကို ပြန်ပေးစရာ မလိုတော့ပါဘူး"ဟု နြမါကင ီသူစ့ငည ွှမလေနူ ရ ွှသကမျ ကုမ္ပဏီ မှ မန်နေဂျာ ဦးမြင့်သန်းက ပြောဆိုသည်။

အများစု

ပလတ်စတစ်ဘူးများအား အသုံးပြုမှု လျှော့ချရန်အစီအစဉ်ကို မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီအများစုက စတင်ခြင်းမရှိသေးဘဲ လက်ရှိတွင် ကုမ္ပဏီ လေးငါးခုခန့်သာ ဆောင်ရွက်နေကြောင်း ခရီး သွားလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး