တောင်ငူမြို့  သမိုင်းဝင် ဆုတောင်းပြည့်မြစည်းခုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်မှပင့်ဆောင်

တောင်ငူမြို့  သမိုင်းဝင် ဆုတောင်းပြည့်မြစည်းခုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်မှပင့်ဆောင်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင်ဆုတောင်း ပြည့် မြစည်းခုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော်တို့ကို ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် စေတီတော် အထွတ်မှ အာရုံခံစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပွဲအခမ်း အနားကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် တောင်ငူမြို့ ကြာနီကန်စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးအမှူး ပြုသော သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ပြည်သူများ ပါဝင်ပင့်ဆောင် ပူဇော်ခဲ့ကြသည်။

ပြန်လည်ပင့်ဆောင်မည်

အဆိုပါစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မြစည်းခုံစေတီတော် အာရုံခံ ယာယီစံကျောင်းတော်၌ ပူဇော်ခံထားရှိမည်ဖြစ်ပြီး ၁၃၈၀ ပြည့်နှစ် တပေါင်းလပြည့်နေ့၊ ၂၀၁၉ ခုနှစ် မတ် ၂၀ ရက်(ဗုဒ္ဓဟူးနေ့)တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို မြစည်းခုံစေတီတော် မြတ်ကြီး မူလစံပယ်ရာ ထီးတော်အထွတ်သို့ ပြန်လည်ပင့်ဆောင် ပူဇော်ထားရှိမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး