ငြိမ်းချမ်းရေးအတွက် တပ်မတော်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခဲ့မှု ကုလသမဂ္ဂ၊ တရုတ်နိုင်ငံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြိုဆို

ငြိမ်းချမ်းရေးအတွက် တပ်မတော်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခဲ့မှု ကုလသမဂ္ဂ၊ တရုတ်နိုင်ငံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြိုဆို

စစ်ရေးပဋိပက္ခများဖြစ်ပွားလျက်ရှိသော စစ်တိုင်းဒေသငါးခုတွင် မြန်မာ့တပ်မတော်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲလိုက်သည့်အပေါ် ထောက်ခံကြိုဆိုကြောင်း ကုလသမဂ္ဂ၊ တရုတ်နိုင်ငံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ဒီဇင်ဘာ ၂၂ ရက်၌ သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ ရက်ပေါင်း ၁၃၀ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲလိုက်ပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်မည်မဟုတ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၁ ရက်၌ ကြေညာခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးဖက်အဖြစ်

ထို့ပြင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့်ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ တအာင်းအဖွဲ့(TNLA)တို့အား ငြိမ်းချမ်းရေးဖြစ်စဉ်၌ တန်းတူပါဝင်ရေးကို တပ်မတော်က အစဉ်တစိုက်ငြင်းပယ်ခဲ့သော်လည်း ယခုထုတ်ပြန်ချက်တွင် ယင်းအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးဖက်များအဖြစ် အသိအမှတ်ပြုခဲ့သည်။

ကြိုဆို

အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ယခုရက်ပိုင်းကပင် ထုတ်ပြန် ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း တပ်မတော်၏အထက်ပါကြေညာချက်အပေါ် ကြိုဆို ခဲ့ကြသည်။ အလားတူ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် 'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီကလည်း ယင်းကြေညာချက်ကို ထောက်ခံကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပူးပေါင်းပါဝင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ပိုမိုသွက်လက်လာမည်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေး ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ကလည်း တပ်မတော်၏ကြေညာချက်အပေါ် ထောက်ခံကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုသွက်လက်လာ မည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

သဘောထားအစစ်အမှန်

လေးလကြာစစ်ရပ်စဲခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းတွေ့ဆုံရန် လမ်းဖွင့်ပေးခြင်း၊ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အင်န်စီအေစာချုပ်ပါ အဓိကအချက် များကို ထပ်မံအတည်ပြုခြင်းနှင့် စစ်ဘေးရှောင်များမူလနေရပ်ပြန်နိုင်ရေးစီစဉ်ခြင်းများသည် တပ်မတော်၏ ငြိမ်းချမ်းရေးအပေါ် သဘောထားအစစ်အမှန်ဖြစ်သည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က မှတ်ချက်ပြုပြောဆိုသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ရန်

ကရင်အမျိုးသားအစည်းအရုံး(KNU)ကမူ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကြေညာရန် တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးတိုးတက်ရန်မျှော်လင့်

ကုလသမဂ္ဂကလည်း တပ်မတော်၏ဆုံးဖြတ်ချက်အပေါ်ကြိုဆိုလိုက်ပြီး မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုများရှိလာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့သည်။ စိုင်းဝÊ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး