၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အသုံးပြု မည့် ဆော့ဖ်ဝဲလ်ကို အသစ်တစ်ခုထပ်မံရေး ဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုခဲ့သည်။
"၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရာမှာ တူညီတဲ့စနစ်နဲ့ မူသေအသုံးပြုနိုင်ရေး ဆောင်ရွက်ဖို့လိုအပ် ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲ စာရင်းပြုစုခြင်းကို တာဝန်ယူဆောင်ရွက်ခဲ့ကြ တဲ့မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံမှ ယခင် ဆော့ဖ်ဝဲလ်ရဲ့အားနည်းချက်များ၊ အားသာ ချက်များ တောင်းခံခဲ့ပြီး ဆော့ဖ်ဝဲလ်အသစ် တစ်ခု ထပ်မံရေးဆွဲရေး ဆောင်ရွက်လျက်ရှိ ပါတယ်။ တူညီတဲ့စနစ်ကို အသုံးပြုမှသာ အချက်အလက်များ စုစည်းထိန်းသိမ်းခြင်းနဲ့ မဲဆန္ဒရှင်များကို Online Service ပေးရာမှာ လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်"ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှ သိန်းက ပြောဆိုသည်။
အားနည်းချက်
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်း ပြုစုရာတွင် ယခင်က လက်ရေးဖြင့်ရေးသားခြင်း၊ လက်နှိပ်စက်ဖြင့်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ မှ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ စတင်ပြီး ကွန်ပျူတာစနစ်အသုံးပြု၍ မဲစာရင်း ရေးသွင်းသည့်စနစ်ကို စတင်အသုံးပြုခဲ့ရာ ပထမအကြိမ်တွင် ဆော့ဖ်ဝဲလ်၏အားနည်းချက် များရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ သိရသည်။
"မဲစာရင်းပြုစုခြင်း လမ်းညွှန်စာအုပ် အတိုင်း အချက်အလက်ထည့်သွင်းခြင်း စနစ် တွေကို လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၉ ရက်ကနေ၁၁ ရက်အထိ ကော်မရှင်ရုံးမှ အရာ ထမ်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ကွန်ပျူတာကျွမ်းကျင်သူများကို သင်ကြားပို့ချ ပေးမှာဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်အသစ်ရေး ဆွဲပြီးပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ အနေ နဲ့ Excel ပြုစုထားတဲ့ မဲစာရင်းအချက်အလက် များကို ဆော့ဖ်ဝဲလ်အသစ်အတွင်း ပြောင်းလဲ ထည့်သွင်းပြီး မဲစာရင်းပြုစုခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က ပြောဆိုခဲ့သည်။
















