သွားကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးသူရဇော်၏ ဇီးပင်ကြီးစစ်တမ်း ရေးသားချက်များဟုတ်မဟုတ် လူ့အခွင့်အရေးကော်မရှင်က လေ့လာစုံစမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ပြောခွင့်ရ ဦးယုလွင်အောင်က ဒီဇင်ဘာ ၂၃ ရက် ၌ မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ကို ဝင်ရောက်ဆောင်ရွက်စေချင်ကြောင်း ပြောတယ်။ ဒေါက်တာ စိုးသူရဇော်ရဲ့ ရေးသားဖော်ပြ ချက်တွေကို စစ်ဆေးသင့်တာပေါ့။ ကျွန် တော်တို့က လက်ရှိဘာမှ မလုပ်သေးဘူး။ အဲဒီကိစ္စနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ထိခိုက်မှုရှိမရှိ ဝင်ရောက် ပါဝင်သင့်တယ်လို့ လွှတ်တော်က အကြံပြုတယ်။ ကျွန်တော်တို့က ဒါတွေကို ဘာမှမလုပ်ရသေးတော့ ဘယ်သူ မှားလဲ၊ ဘယ်သူမှန်လဲဆိုတာကို ရမ်းလုပ်လို့ မရဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခံရသလား၊ မခံရဘူးလား မပြောနိုင်သေးဘူး။ အခုလော လောဆယ် လေ့လာစုံစမ်းနေပါတယ်" ဟု ၎င်းကပြောဆိုသည်။
အမျိုးသားလွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့ အခွင့်အရေးဆိုင်ရာကော်မတီနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင်အရေးကော်မရှင်တို့ ဒီဇင် ဘာ ၂၀ ရက်၌ တွေ့ဆုံ ရာတွင် ဒိုက်ဦးမြို့ နယ်တွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ကိစ္စဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး ငယ်၏ အမှုကိစ္စ၊ ဒေါက်တာ စိုးသူရဇော်အား စုံစမ်း စစ်ဆေးအရေးယူနေသည့်ကိစ္စများ အား ဆွေးနွေးခဲ့ကြောင်း လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာ ၂၂ ရက်၌ သတင်းထုတ် ပြန်ခဲ့သည်။
မေးခွန်းထုတ်ပြန်
ဇီးပင်ကြီး စစ်တမ်းအပိုင်း (၂) ၌ "ဝန် ထမ်းသတ်လို့ အစိုးရသေခြင်း"ခေါင်းစဉ်ဖြင့် ဌာနမှူးက လက်ချာပေးရာတွင် ယခုပြည်တွင်း ငြိမ်းချမ်းရေးမအောင်မြင်ရခြင်းက လက်ရှိ အင်န်အယ်လ်ဒီအစိုးရ စေတနာမရှိ၍မအောင် မြင်ရခြင်းဖြစ်ကြောင်း၊ အင်န်အယ်လ်ဒီအစိုးရ စတက်လာကတည်းက ပြည်တွင်းငြိမ်းချမ်း ရေးဆိုသည့် ခေါင်းစဉ်အား ကိုင်စွဲကာ ငြိမ်း ချမ်းရေးရအောင် အသည်းအသန်လုပ်နေ သည်ကိုမြင်ပါလျက်နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နိုင်ငံရေး သိပံ္ပဌာန၏ ဌာနမှူးက ယင်းသို့ပြောဆိုခြင်းသည် စဉ်းစား စရာကောင်းပြီး မေးခွန်းထုတ်စရာဖြစ်ကြောင်း ဖော်ပြထားသည်။ ထက်စိုးလင်း















