၂၀၁၉ ကွင်းဖွင့်ဖလားပြိုင်ပွဲ ဇန်နဝါရီ ၆ရက်၌ ကျင်းပမည်

၂၀၁၉ ကွင်းဖွင့်ဖလားပြိုင်ပွဲ ဇန်နဝါရီ ၆ရက်၌ ကျင်းပမည်

ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၁၉ကွင်းဖွင့် ဖလား(ချာရတီဖလား)ပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက်တွင် အောင်ဆန်းကွင်း၌ ကျင်းပမည်ဖြစ် သည်။

ကွင်းဖွင့်ဖလားလုပွဲကို နေရှင်နယ်လိဂ်ချန်ပီယံအသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ရခြင်းဖြစ်သော်လည်း ရန်ကုန်ယူနိုက်တက်က ပြီးခဲ့သည့် ရာသီတွင် ပြိုင်ပွဲနှစ်ရပ်စလုံး၌ ချန်ပီယံဖြစ်ခဲ့သောကြောင့် နေရှင်နယ်လိဂ်ပြိုင်ပွဲ ဒုတိယ ဆုရ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ညနေ ၃ နာရီခွဲတွင် အောင်ဆန်းကွင်း၌ ကျင်းပမည်ဖြစ်ပြီး အထူးတန်းကျပ် ၂,ဝ၀ဝနှင့် ရိုးရိုးတန်းကျပ် ၁,ဝ၀ဝ သတ်မှတ်ထားကာ ပြိုင်ပွဲမစတင်မီ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင် မည်ဟု သိရသည်။

ကွင်းဖွင့်ဖလားပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေးများအား နှစ်စဉ်ပြုလုပ်နေကျအတိုင်း ပရဟိတကျောင်းများသို့ လှူဒါန်းမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး