ခင်ဦး ရွာသာကွင်း သုံးဆူကုန်းအနီး လယ်ကွက်မှ သက္ကရာဇ် ၈၃၁ ခုနှစ်ပါ ကျောက်စာချပ်ရှာဖွေတွေ့ရှိ

ခင်ဦး ရွာသာကွင်း သုံးဆူကုန်းအနီး လယ်ကွက်မှ သက္ကရာဇ် ၈၃၁ ခုနှစ်ပါ ကျောက်စာချပ်ရှာဖွေတွေ့ရှိ

ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ရွာသာကွင်း သုံးဆူကုန်း ဘုရားကုန်းအနီးလယ်ကွက်မှ သက္ကရာဇ် ၈၃၁ ခုနှစ်ပါ ကျောက်စာချပ်တစ်ချပ်ကို ဒီဇင်ဘာ ၂၃ ရက်က ဒေသခံ များနှင့်အတူ ရှေးဟောင်းသုတေသနဌာနမှ ဝန်ထမ်း များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ရှာဖွေ

အဆိုပါကျောက်စာမှာ အင်းဝခေတ်ကာလပိုင်းက ကျောက်စာချပ်ဖြစ်နိုင်ကြောင်း၊ သက္ကရာဇ် ၈၃၁ ခုနှစ် ပါကျောက်စာချပ်ကို ဦးမိုးကြည်ပိုင် လယ်ကွက်အတွင်းမှ အရှည် နှစ်ပေနှစ်လက်မ၊ ဒုငါးလက်မရှိ နှစ်ပိုင်းပြတ် ကျောက်စာချပ်အား ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ဦးယျာဇာအောင်၊ ရွှေဘိုမြို့နယ် မှ ဦးရာဇာအောင်မြေနှင့် ခင်ဦးမြို့နယ်ကျွန်းပင်ကန်ရွာနေ ကိုဇော်လင်းတို့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်အစိတ်အပိုင်းများကို ဆက်လက်ရှာဖွေလျက်ရှိကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး