ဒီဇင်ဘာလ ယေရှုခရစ်တော်မွေးနေ့အထိမ်းအမှတ်အကြိုပွဲတော်အဖြစ် ဒီဇင်ဘာ ၂၄ ရက် နံနက်တွင် ကလေးမြို့ပေါ်ရှိသံဃာ တော်အပါး ၁၀ဝ အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း ကလေးမြို့နယ် ကက်သလစ် သာသနာပိုင် (RC) ဂိုဏ်းအုပ်ဆရာတော် ကြီး ဖီးလစ်လျှန်ခင်းထန်က ပြောဆိုသည်။
"သူငယ်တော် ယေရှုခရစ်တော်ရဲ့ မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာနှစ်ဘာသာ ချစ်ကြည်ရင်းနှီးကြစေရန်အကျိုးငှာ စည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး ၂၀၁၈ ခုနှစ် ခရစ္စမတ်အကြိုအဖြစ် ကလေးမြို့ပေါ်မှာရှိတဲ့ ဆရာတော်ကြီးများနဲ့ သံဃာတော်အပါး ၁၀ဝ ကို လှူဖွယ်ပစ္စည်းများနဲ့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းတာ ဖြစ်ပါ တယ်"ဟု ၎င်းကပြောဆိုသည်။
"ကလေးမြို့နယ် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးများ၏ ဥက္ကဋ္ဌဖီးလစ်လျှန်ခင်းထန် ၏နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲတွင် အစီအစဉ်အရ ကလေးမြို့ ရိုမန်ကက်သလစ်သာသနာ ပိုင် (RC)ဂိုဏ်းအုပ်ဆရာတော်က အဖွင့်မေတ္တာစကားပြောကြားပြီး ကလေးမြို့နယ် သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ မဟာသန္တာရုံကျောင်းတိုက် ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတအဂ္ဂ မဟာအကျော်ဘဒ္ဒန္တပုညသေဋ္ဌ အရှင်သူမြတ်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း စကား ပြန်လညြွ်မက်ကြားသည်။ ၎င်းနောက် ဆရာတော်သံဃာတော်များက မေတ္တသုတ်ပရိတ်တော် များကို ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ပြီး ရိုမန်ကက်သလစ်သာသနာပိုင်ဆရာတော်က သံဃာ တော်များအား လှူဖွယ်အမှတ်တရပစ္စည်းများ လက်ရောက်လှူဒါန်းသည်။
"ထို့နောက် ကလေးမြို့ ဗုဒ္ဓဘာသာဘုန်း တော်ကြီးများ၏ ကိုယ်စားချမ်းမြေ့အောင်စည် ဆရာတော်က ကလေးမြို့နယ် ကက်သလစ်သာသနာပိုင်ဆရာတော်အား အမှတ်တရ ပစ္စည်းများ ပြန်လည်ချီးမြှင့်ခဲ့ပြီး ကက်သလစ်သာသနာနယ် (Choir Group) မှ ခရစ္စမတ် ဓမ္မတေးများဖြင့်ဂုဏ်ပြုသီဆိုကြကာ ကက်သလစ်ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးများ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီးနောက် ကက်သလစ် သာသနာ ပိုင်ဆရာတော်က ကောင်းချီးမင်္ဂလာဆုတောင်းပေးပြီးလျှင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။
















