အာရှ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(ခ)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလာသီရိ အားကစားကွင်း၌ လက်ခံကျင်းပမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ ဒုတိယအဆင့် အုပ်စု (ခ)ပွဲစဉ်များကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၂၇ရက် မှ မတ် ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု တွင်း၌ အိမ်ရှင်မြန်မာ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီး အသင်း၏ပွဲစဉ်များကို ည ၆ နာရီတွင် ကျင်းပ မည်ဖြစ်ပြီး ကျန်ပွဲစဉ်များကို ညနေ ၃ နာရီ အချိန်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထိပ်ဆုံးနှစ်သင်း
အုပ်စု(ခ)အဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဘင်္ဂလာဒေ့ရှ်နှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာ အသင်းမှာ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း သည် မတ် ၁ ရက်တွင် ဒုတိယပွဲစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နှင့်လည်းကောင်း၊ မတ် ၃ ရက် တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ယှဉ် ပြိုင်ရမည်ဖြစ်ပြီး အုပ်စုတွင်း ထိပ်ဆုံးနှစ်သင်း ခြေစစ်ပွဲအောင်မည်ဖြစ်သည်။















