ပင်လယ်ကမ်းခြေ၏ သဘာဝအလှအပ အတိုင်း ဖြစ်ထွန်းပေါ်ပေါက်နေသော သာယာ ကြည်နူးဖွယ် ဧရာအပန်းဖြေကမ်းခြေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလပထမပတ် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။
နေ့ချင်းပြန်
ယင်းဧရာအပန်းဖြေကမ်းခြေမှာ မော်လ မြိုင်ကျွန်းမြို့မှတိုက်ရိုက်သွားလာရန် အဆင် ပြေပြီး မော်လမြိုင်ကျွန်းမြို့မှ ဧရာအပန်းဖြေ ကမ်းခြေအရောက် မိုင် ၄၀ခန့်သာ ကွာဝေး သဖြင့် နေ့ချင်းပြန် သွားလာအပန်းဖြေနိုင် သောခရီးစဉ်ဖြစ်သည်။
တစ်ဆက်တည်းရှိ
အဆိုပါဧရာအပန်းဖြေကမ်းခြေမှာ ဘို ကလေးမြို့နယ် ကဒုံကနိကျေးရွာနှင့် တစ်ဆက် တည်းတည်ရှိနေသော အပန်းဖြေကမ်းခြေ စခန်းဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့တို့မှ တိုက်ရိုက်သွားလာရန် အဆင်ပြေသည်။ မော်လမြိုင်ကျွန်းမြို့မှသွား ပါက မြို့ဦးစေတီ၊ ပြည်လုံးချမ်းသာဆုတောင်း ပြည့်၊ လောကသကျမာရဇိန်နှင့် တာဝတိံသာ ဘုရားများကိုဖူးမြော်နိုင်မည့်အပြင် ရောက်တုန်း ရောက်ခိုက်မော်လမြိုင်ကျွန်းမြို့ကိုပါ လည်ပတ် နိုင်ပြီး လမ်းခရီးတွင် ကံ့ကော်တစ်ထောင် ဘုရားများကို ဖူးမြော်နိုင်ကြမည်ဖြစ်သည်။
ယင်းဧရာအပန်းဖြေကမ်းခြေမှာ သဲသောင် ပြင်ကျယ်ပြန့်ခြင်း၊ ဒေသထွက်ပင်လယ်စာ များသုံးဆောင်နိုင်ခြင်း၊ ကမ်းခြေမှာ သုံးမိုင် ကျော်ရှည်လျားသဖြင့် အားပါးတရလည်ပတ် လမ်းလျှောက်နိုင်ခြင်း၊ ထို့အပြင် ဒေသထွက် ပင်လယ်စာမျိုးစုံတို့ကို လက်ဆောင်အဖြစ် ဝယ်ယူနိုင်ကြမည်ဖြစ်သည်။
ထို့ပြင် ဧရာအပန်းဖြေကမ်းခြေမှာ အပန်း ဖြေလာရောက်လည်ပတ်ကြသော ပြည်သူများ စိတ်ချမ်းမြေ့စွာ တည်ခိုနိုင်ရန် ဘန်ဂလို တည်း ခိုခန်း ၄၀ ခန့်ရှိသဖြင့် အပန်းဖြေဧည့်သည်များ ညအိပ်တည်းခိုနိုင်ကြမည် ဖြစ်သည်။
အခွင့်အလမ်း
ယင်းဧရာအပန်းဖြေကမ်းခြေဖြစ်ထွန်း ပေါ်ပေါက်လာသဖြင့် ဘိုကလေးမြို့နယ် ကဒုံ ကနိနှင့် ဧရာကျေးရွာဒေသခံပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းပွင့်လန်း စေသော အပန်းဖြေကမ်းခြေစခန်းတစ်ခုဖြစ် ကြောင်း သိရသည်။
















