၁၉၈၀ ပြည့်နှစ်ပိုင်းကတည်းက လူကုန်ကူးသူများ ဖမ်းဆီးခေါ်ဆောင်ကာ ရောင်းစားခံခဲ့ရသော အာဂျင်တီးနားအမျိုးသမီးတစ်ဦးကို အာဂျင်တီးနားနှင့် ဘိုလီးဗီးယားရဲတပ်ဖွဲ့ ပူးပေါင်းကယ်တင်ပြီး မိသားစုနှင့် ပြန်ဆုံစည်းခွင့်ပေးနိုင်ခဲ့ကြောင်းသိရသည်။
၁၉၈၀ ပြည့်နှစ်များက ဖမ်းဆီးခေါ်ဆောင်ခံရပြီးကတည်းက အမျိုးသမီး၏ တည်နေရာကို ရှာဖွေမရခဲ့ဘဲ ယခုနှစ်ဆန်းပိုင်းတွင်မှ ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်းဘာမီဂျိုမြို့တွင် ရှိနေကြောင်း အာဂျင်တီးနားရဲတပ်ဖွဲ့က သတင်းသဲလွန်စရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးသည် ယခုအခါ အသက် ၄၅ နှစ်ရှိပြီဖြစ်ပြီး၁ကိုးနှစ်အရွယ် သားတစ်ယောက်လည်း ရနေပြီဖြစ်သည်။ အာဂျင်တီးနားရဲတပ်ဖွဲ့သည် ဘိုလီးဗီးယားရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာအမျိုးသမီးကို ချုပ်နှောင်ထိန်းသိမ်းထားသည့် နေအိမ်ကို ထောက်လှမ်းဖော်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီးကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
၁ကယ်ဆယ်နိုင်ခဲ့သည့် အမျိုးသမီးနှင့် သားဖြစ်သူ၏ အမည်ကိုရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခြင်းမရှိ။ ဒီဇင်ဘာ ၂၅ တွင် အာဂျင်တီးနားရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရအမျိုးသမီးသည် နောက်ဆုံးတွင် မာဒဲလ် ပါလာတာမြို့ရှိ မိသားစုနေအိမ်သို့ ပြန်ရောက်ရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
၁အမျိုးသမီးနှင့် သားဖြစ်သူကို နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းကာ ယခုလဆန်းပိုင်းက ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မိသားစုများ ဘေးကင်းစေရေးအတွက် ယခုတွင်မှ ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ လွန်ခဲ့သော ၃၂ နှစ်ကအမျိုးသမီးကို လူကုန်ကူး ပြန်ပေးဆွဲရာတွင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းရှိမရှိကိုမူ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်းသိရသည်။

















