ချင်းယူနိုက်တက်အသင်းပိုင်ရှင် အပြောင်းအလဲဖြစ် ရေရှည်စီမံကိန်းဖြင့် ပြန်လည်တည်ဆောင်မည်ဟု ဆို

ချင်းယူနိုက်တက်အသင်းပိုင်ရှင် အပြောင်းအလဲဖြစ် ရေရှည်စီမံကိန်းဖြင့် ပြန်လည်တည်ဆောင်မည်ဟု ဆို

နေရှင်နယ်လိဂ်- ၂ ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေသည့် ချင်းယူနိုက်တက် အသင်းကို ရေရှည် စီမံကိန်းဖြင့် ပြန်လည်တည်ဆောက်သွားမည် ဟု အသင်းပိုင်ရှင် ဒေါ်တင့်တင့်လွင်က အသင်းကစားသမားများ၊ အုပ်ချုပ်၊နည်းပြအဖွဲ့ များနှင့် တွေ့ဆုံရာ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

နုတ်ထွက်ခဲ့

ချင်းယူနိုင်တက်အသင်းသည် ၂၀၁ရခုနှစ်ဘောလုံးရာသီက လိဂ်-၁တွင် ကစားခဲ့ပြီး ရာသီအကုန်၌ တန်းဆင်းခဲ့သော်လည်း လိဂ်-၂တွင် ဆက်လက်မယှဉ်ပြိုင်ဘဲ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ချင်းယူနိုက်တက်အသင်းပိုင်ရှင်အဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာဂျိမ်းလျန်ဆိုင်းမှာ အသင်းနာယကအဖြစ် ပြောင်းလဲတာဝန်ယူပြီး အသင်းပိုင်ရှင်အသစ်အဖြစ် ရန်ကုန် ဝါးတားဘတ်စ်ပိုင်ရှင် ဒေါ်တင့်တင့်လွင်က ပြောင်းလဲတာဝန်ယူကာ လာမည့်ဘောလုံးရာသီ၌ နေရှင်နယ်လိဂ်-၂မှ စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြည်ပစေလွှတ်

" မြန်မာ့ဘောလုံး တိုးတက်ဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ အရင်အသင်းဘုတ်အဖွဲ့ဆီကနေ အသင်းအုပ်ချုပ် စီမံရေးရာပိုင်းနဲ့ ပိုင်ဆိုင်မှုကို လွှဲပြောင်းယူခဲ့တာဖြစ်တယ်။ အစ်မတို့အနေနဲ့ ချင်းယူနိုက်တက်ကို တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်ပြီး ရေရှည်စီမံကိန်းနဲ့ သွားမယ်။ ဥရောပမှာရှိတဲ့ အစ်မရဲ့ အဆက်အသွယ်ကနေတဆင့် ဥရောပဘောလုံးနည်းစနစ်တွေကိုလည်း ဒီကိုလာရောက်ပို့ချသင်ကြားပေးဖို့ စီစဉ်ထားတဲ့အပြင် ထူးချွန်တဲ့ လူငယ်လေးယောက်လောက်ကို ပြည်ပကို စေလွှတ်ပြီး ဘောလုံးပညာ၊ လေ့ကျင့်ရေးနည်းစနစ်၊ ပရော်ဖက်ရှင်နယ်လူနေမှုဘဝ စတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်ဖို့ အသင်းကနေ စေလွတ်သွားဖို့ စီစဉ်နေပါတယ်။ '' ဟု ဒေါ်တင့်တင်လွင် က ပြောဆိုခဲ့သည်။ 

ရာနှုန်းပြည့်ပေးဆပ်ရန်လို

ထို့နောက် အသင်းပိုင်ရှင် ဒေါ်တင့်တင်လွင်က အသင်းလေ့ကျင့်ရေးကွင်း တည်ဆောက် ရေး နှင့် ရှေ့ဆက်မည့် အစီအစဉ်များနှင့် ပတ်သက်၍လည်း  " မှော်ဘီမှာ အသင်းလေ့ကျင့်ရေး ကွင်း တည်ဆောက်ဖို့ ရှိပါတယ်။  အဲမှာ လေ့ကျင့်ရေးကွင်းအပြင် ကိုယ်ကာယကြံ့ခိုင်ရေးခန်းမနဲ့ ရေကူးကန် အပါအဝင် Sports Hub ပုံစံမျိူး ဆောက်လုပ်သွားဖို့ လုပ်နေပါတယ်။  ကစားသမားတွေ ဘက်က အသင်းဘက်ကို ရာနှုန်းပြည့်ပေးဆပ်ဖို့ရယ်၊ ကိုယ့်ရဲ့ ကြံခိုင်မှု ၊ စွမ်းဆောင်ရည်မကျစေဖို့ နဲ့ ပရော်ရှင်နယ် ဆန်ဆန် နေထိုင်နိုင်ဖို့ လိုအပ်တယ်လို် ့ မှာကြားလိုပါတယ် '' ဟု 



ဖတ်ရှုမှုအများဆုံး