၂၀၁၈ ခုနှစ် အာရှဒေသ အရေးပါသောဖြစ်ရပ်များ

၂၀၁၈ ခုနှစ် အာရှဒေသ အရေးပါသောဖြစ်ရပ်များ

၂၀၁၈ ခုနှစ် အာရှဒေသ အရေးပါသောဖြစ်ရပ်များ

ဇန်နဝါရီလ

၆ ရက်-တရုတ်နိုင်ငံအရှေ့ပိုင်း ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံတင်သင်္ဘော ဆန်ချီသည် ကုန်တင်သင်္ဘောတစ်စင်းနှင့် ဇန်နဝါရီ ၆ ရက် ညပိုင်း၌ တိုက်မိကြပြီးနောက် ရေနံတင်သင်္ဘောက အီရန်နိုင်ငံသား ၃၀ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးတို့ ပျောက်ဆုံးခဲ့သည်။

ဖေဖော်ဝါရီလ

၈ ရက်-ဆောင်းရာသီ အိုလံပစ်ပွဲကာလအတွင်း  မြောက်ကိုရီးယားနိုင်ငံကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ အပြင်းထန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်မှုကို ကြေညာရန် အမေရိကန်ပြည်ထောင်စုက ပြင်ဆင်လျက်ရှိကြောင်း ဒုတိယသမ္မတ မိုက်ပင့်စ်က ပြောကြားခဲ့သည်။

မတ်လ

၆ ရက်-မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တောင်ကိုရီးယားသမ္မတ၏ ကိုယ်စားလှယ်အဖွဲ့ကို ပွင့်လင်းရင်းနှီးသော ဆွေးနွေးပွဲတစ်ရပ်အတွက် ပြုံယန်းမြို့တွင် မတ် ၅ ရက်က ညစာစားပွဲဖြင့် တည်ခင်းခဲ့သည်။

၂၈ ရက်-မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မတ် ၂၅ ရက်မှ ၂၈ ရက်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ရောက်ရှိခဲ့သည်။

ဧပြီလ

၁၈ ရက်-ကျေးလက်နေ မလေးတိုင်းရင်းသားများတွင် အပြောင်းအလဲများရှိနေပြီး အစိုးရကို အစဉ်အလာအရ ထောက်ခံနေသော အုပ်စု၌ မဲအပြောင်းအလဲ ၃၀ ရာခိုင်နှုန်းခန့် ရှိလာနိုင်သဖြင့် လာမည့်လအတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် အတိုက်အခံများ အနိုင်ရရှိနိုင်ကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားခဲ့သည်။

၂၁ ရက်-ကမ္ဘာ့အသက်အရှည်ဆုံး အဘွားအို နာဆီတာဂျီမာသည် ဂျပန် တောင်ပိုင်း ကီကိုင်းမြို့တွင်ဧပြီ ၂၁ ရက်က ကွယ်လွန်သွားခဲ့သည်။

မေလ

၇ ရက်-မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မေလ ဒုတိယပတ်အတွင်းက တရုတ်ပြည် အရှေ့မြောက်ပိုင်းရှိ တာလျန်းမြို့သို့ ဂျက်လေယာဉ်ဖြင့် ခရီးထွက်ခဲ့ရာ ၃၂ နှစ်အတွင်း လေယာဉ်ဖြင့် နိုင်ငံခြားသို့ ပထမဆုံး ခရီးသွားခဲ့သည့် မြောက်ကိုရီးယား အာဏာရခေါင်းဆောင် ဖြစ်လာခဲ့သည်။

၉ ရက်-ဝန်ကြီးချုပ် နာဂျစ်ရာဇတ် အစိုးရနှင့် ခေါင်းဆောင်ဟောင်း မဟာသီယာ မိုဟာမက် ဦးဆောင်သော အတိုက်အခံပါတီတို့ ထိပ်တိုက်တွေ့ဆုံမည့် မလေးရှားရွေးကောက်ပွဲကို မေ ၉ ရက်တွင်စတင်ကျင်းပခဲ့သည်။

ဇွန်လ

၁၂ ရက်-စင်ကာပူနိုင်ငံ၏ ကျွန်းတစ်ကျွန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော ထိပ်သီးအစည်းအဝေး၌ သမ္မတထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် ကိုရီးယားကျွန်းဆွယ် အဏုမြူကင်းမဲ့ဒေသဖြစ်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဇွန် ၁၂ ရက်က သဘောတူညီခဲ့ကြောင်း ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀ ရက်-သမ္မတ ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲ ရလဒ် ဆွေးနွေးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဇူလိုင်လ

၄ ရက်-မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေမှ ဒေါ်လာ ဘီလျံနှင့်ချီ အဂတိလိုက် စားမှု အရှုပ်တော်ပုံ နှစ်လကြာခဲ့ပြီးနောက် ဇူလိုင် ၄ ရက်တွင် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို တရားရုံးချုပ်က ယုံကြည်မှု အလွဲသုံးစားလုပ်မှု၊ အဂတိ လိုက်စားမှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

၁၀ ရက်-ခြောက်နိုင်ငံက ကျွမ်းကျင်ရေငုပ်သမားများက ထိုင်းနိုင်ငံ မြောက်ပိုင်းရေလွှမ်းနေသည့်လိုဏ်ဂူထဲတွင် သောင်တင်နေသည့် လူငယ် ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြတို့ကိုအန္တရာယ်ကင်းစွာဖြင့် လိုဏ်ဂူကြီးအပြင်ဘက်သို့ ကယ်ထုတ်ခဲ့ကြသည်။

သြဂုတ်လ

၇ ရက်-မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က ငွေကြေးခဝါချမှု စွပ်စွဲချက် သုံးခုအတွက် အပြစ်မရှိကြောင်း သြဂုတ် ၈ ရက်က ထွက်ဆိုခဲ့သည်။

၂၀ ရက်-၁၉၅၀—၁၉၅၃ ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာသွားခဲ့ကြသည့် မြောက်နှင့်တောင်ကိုရီးယားက ဆွေမျိုးသားချင်းများသည် မြောက်ကိုရီးယားရှိ ဒိုင်းမွန်းတောင်တန်းတွင် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြသည်။

စက်တင်ဘာလ

၄ ရက်-တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလွှမ်းခဲ့သည့် အိုဆာကာ ကန်ဆိုင်းလေဆိပ်တွင် ပိတ်မိနေသည့် ခရီးသည် ၃,ဝ၀ဝ ခန့်ကို ကယ်ထုတ်နိုင်ခဲ့သည်။

၁၉ ရက်-တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယန်း၌ ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲတွင် ရရှိခဲ့သည့် သဘောတူညီချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာလ

၃ ရက်-မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ဇနီး ရော့စ်မာ မန်ဆူးကို အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးလိုက်သည်။

၅ ရက်-အင်ဒိုနီးရှားတွင် ငလျင်လှုပ်ပြီးနောက် ဆူနာမိရေလှိုင်းကြီးများဒဏ်ကြောင့် လူ ၃၈၀,ဝ၀ဝ ခန့် နေထိုင်သော ပါလူးကျွန်းသည် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ အောက်တိုဘာ ၂ ရက်တွင် ပါလူးမြို့၊ ဒေါင်ဂါလာမြို့၊ ဆီဂီမြို့နှင့် ပါရီဂီမန်တောင် မြို့တို့တွင် သေဆုံးသူ ၁ç၄၀၇ ဦးအထိ တိုးလာခဲ့သည်။

၂၃ ရက်-တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ကို ချိတ်ဆက်မည့် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတား ကြီးကို အောက်တိုဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံက ဖွင့်လှစ်ခဲ့သည်။

နိုဝင်ဘာလ

၁၀ ရက်-အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြည်တွင်း ဈေးနှုန်း တည်ငြိမ်ရန် သကြားတင်သွင်းမှုကို ခွင့်ပြုခဲ့သည်။

ဒီဇင်ဘာလ

၈ ရက်-ဂျပန်တွင် လာမည့်ငါးနှစ်အတွက် နိုင်ငံခြားသားအလုပ်သမား ၃၄၅çဝ၀ဝ ဆွဲဆောင်ရန်ရည်ရွယ်ပြီး ဂျပန်ပါလီမန်က အငြင်းပွားဖွယ်ရာ ဥပဒေသစ်တစ်ခုကို ဒီဇင်ဘာ ၈ ရက်တွင် အတည်ပြုခဲ့သည်။