မကွေးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဝင်၁၃ ရွာရှိလာ

မကွေးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဝင်၁၃ ရွာရှိလာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မကွေးမြို့နယ် အတွင်း စီမံကိန်းဝင်ကျေးရွာ ၁၂ ရွာ ချပေး ခဲ့ရာ မကွေးမြို့နယ် ဖုတ်ကုန်းကျေးရွာအုပ်စု တမ္တတလင်းကျေးရွာ ထပ်မံတိုးချဲ့ကာ စီမံကိန်း ကျလာသောကြောင့် မကွေးမြို့နယ်အတွင်း စီမံကိန်းဝင်ကျေးရွာ စုစုပေါင်း ၁၃ ရွာရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကျော်က မြန်မာ တိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

မိတ်ဆက်ရှင်းလင်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆန်း၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကျော်တို့ ပါဝင်သော ဌာနမှဝန်ထမ်းများနှင့်အတူ အဆိုပါ စီမံကိန်းဝင်ကျေးရွာသို့ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းကကွင်းဆင်းခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုး ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် လွှတ်တော်ကိုယ် စားလှယ်က အတွေ့အကြုံများ ရှင်းလင်းခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းမှ ချပေးငွေ ကျပ်သိန်း ၁၀ဝ နှင့် ကျေးရွာလူထုပူးပေါင်း ပါဝင်ငွေ၊ လုပ်အားများဖြင့် ဖုတ်ကုန်းကျေးရွာ လျှပ်စစ်မီးကြိုးတန်းမှတစ်ဆင့် သွယ်ယူကာ တစ်ရွာလုံး လျှပ်စစ်မီးလင်းရေး ဆောင်ရွက် မည်ဟု ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌက မီဒီယာသို့ ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး