ထိုင်းနိုင်ငံသို့ ယခုနှစ်ပထမ ၁၁ လအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု ၇ ဒသမ ၅၃ ရာခိုင်နှုန်းတိုးကာ ၃၅ သန်း ရည်မှန်းချက်ပြည့်မီနိုင်

ထိုင်းနိုင်ငံသို့ ယခုနှစ်ပထမ ၁၁ လအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု ၇ ဒသမ ၅၃ ရာခိုင်နှုန်းတိုးကာ ၃၅ သန်း ရည်မှန်းချက်ပြည့်မီနိုင်

ထိုင်းနိုင်ငံသို့ ယခုနှစ်ပထမ ၁၁ လအတွင်း နိုင်ငံတကာမှ ပြည်ပခရီးသွားဝင်ရောက်မှုမှာ ယမန်နှစ်ကာလတူထက် ၇ ဒသမ ၅၃ ရာခိုင်နှုန်းတိုးကာ ၃၅ သန်းရည်မှန်းချက်ပြည့်မီ နိုင်ကြောင်း ထိုင်းခရီးသွားဌာနက ဒီဇင်ဘာ ၂၅ ရက်ကပြောသည်။

ထိုင်းနိုင်ငံသို့ ယခုနှစ် ပထမ ၁၁ လအတွင်း နိုင်ငံတကာမှ ပြည်ပခရီးသွားဝင်ရောက်မှုမှာ စုစုပေါင်း ၃၄၄၃၁၄၅၉ ဦးရှိပြီး ခရီးသွားလုပ်ငန်းဝင်ငွေ ၁ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၅၄ ဒသမ ၅ သန်း) ရရှိကာ ယမန်နှစ်ကာလတူထက် ၉ ဒသမ ၇၉ ရာခိုင်နှုန်းတိုးတက်ကြောင်း ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီးဌာနအဆိုအရ သိရသည်။

ထိုင်းခရီးသွားအာဏာပိုင်မှ အုပ်ချုပ်ရေးမှူး ယူသာဆက်ဆူပါဆွန်ကပြောရာတွင် အထူးသဖြင့် ၂၀၁၈ နောက်ဆုံးသုံးလပတ်စွမ်းဆောင် ရည်အတွက် အလွန်ကျေနပ်ကြောင်း၊ ၂၀၁၈ တစ်နှစ်လုံးအတွက် ထိုင်းခရီးသွားဌာန၏ ၃၅ သန်းရည်မှန်းချက်ပြည့်မီနိုင်ကြောင်း ဒီဇင်ဘာ ၂၅ ရက်ကပြောသည်။ ထိုင်းနိုင်ငံသို့ ယခုနှစ်ပထမ ၁၁ လအတွင်း နိုင်ငံတကာမှ ပြည်ပခရီးသွားဝင်ရောက်မှုမှာ ယမန်နှစ် ကာလတူထက် ၇ ဒသမ ၅၃ ရာခိုင်နှုန်းတိုးလာသော်လည်း အရှေ့အလယ်ပိုင်းနှင့် သမုဒ္ဒရာပိုင်းနိုင်ငံများမှ ဧည့်သည်ဝင်ရောက်မှုမတိုးတက်ကြောင်း၊ တရုတ်ခရီးသွားဦးရေ က ထိပ်ဆုံးမှအများဆုံးရပ်တည်ပြီး ဇန်နဝါရီမှ

နိုဝင်ဘာအထိ တရုတ်နိုင်ငံသား ၉ ဒသမ ၆၉ သန်းလာရောက်လည်ပတ်ကြောင်း၊ တရုတ်ခရီးသွားဝင်ရောက်မှုမှာ ဒီဇင်ဘာလဆန်း တွင် လူဦးရေ ၁၀ သန်းပြည့်ခဲ့ကြောင်းဆိုသည်။

တရုတ်ခရီးသွားပိုဝင်ရန် ဆွဲဆောင်သည့် အနေဖြင့် နိုဝင်ဘာ ၁၃ ရက်မှစပြီး ဆိုက်ရောက်ဗီဇာကြေး ကင်းလွတ်ခွင့်ပြုလိုက်သော ကြောင့် တရုတ်ခရီးသွားပိုများလာကြောင်း၊ တရုတ်ဆိုက်ရောက်ဗီဇာကြေးကင်းလွတ် ခွင့်ပြုလိုက်ခြင်းမှာ ဇန်နဝါရီ ၁၃ ရက်အထိဖြစ်ကြောင်း ထိုင်းခရီးသွားနှင့်အားကစား ဝန်ကြီးဌာနအဆိုအရ သိရသည်။