တရုတ်တိုင်ပေ၌ အခွန်လျှော့ချကောက်ခံပေးရန် တောင်းဆိုဆန္ဒပြ

တရုတ်တိုင်ပေ၌ အခွန်လျှော့ချကောက်ခံပေးရန် တောင်းဆိုဆန္ဒပြ

တရုတ်တိုင်ပေ၌ အခွန်လျှော့ချကောက်ခံပေးရန်နှင့် အခွန်ဆိုင်ရာအငြင်းပွားမှုများကို မျှတစွာကိုင်တွယ်ဖြေရှင်းပေးရန်အတွက် ဒီဇင်ဘာ ၂၇ ရက်တွင် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။

တရုတ်တိုင်ပေ၌ ဆန္ဒပြသူများသည် ပြင်သစ်၌ ဖြစ်ပွားနေသည့် အဝါရောင်အင်္ကျီဝတ်လှုပ်ရှားမှုကဲ့သို့ အရောင်တောက်ပြောင်သော ဝတ်စုံများကို ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အဝါရောင်အင်္ကျီများဝတ်ဆင်ထားသည့် ဆန္ဒပြသူများသည် မြို့တော် တိုင်ပေရှိ ဘဏ္ဍာရေးဝန်ကြီးဌာနအပြင်ဘက်တွင် ကြွေးကြော်သံများ ရွတ်ဆိုခဲ့ပြီး တရုတ်တိုင်ပေရှိ အခွန်ကောက်ခံမှုမူဝါဒများ တရားမဝင် ဟု ရေးသားထားသော ကတ်ပြားများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြင်သစ်နိုင်ငံ၌ လောင်စာအသုံးပြုမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုနှင့်ပတ်သက်၍ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြမှုများ အောင်မြင်ခဲ့သည့်အတွက် စိတ်အားတက်ကြွပြီး ယခုကဲ့သို့ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း တရုတ်တိုင်ပေရှိ ဆန္ဒပြရန် စီစဉ်သူများကပြောဆိုခဲ့သည်။

ပြင်သစ်သမ္မတဧမာနွေလမာခရွန်သည် အချိန်ပြည့်ဝန်ထမ်းများအတွက် အခြေခံလုပ်ခလစာတိုးမြှင့်ပေးခြင်းအပါအဝင် လိုက်လျောမှုများစွာကိုပြုလုပ်ခဲ့သည်။