တောင်ကိုရီးယားသို့ထွက်ပြေးသူ မြောက်ကိုရီးယား ၁၀ဝ၀ ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ပဟေဠိဆန်ဆန် အခိုးခံရဟုဆို

တောင်ကိုရီးယားသို့ထွက်ပြေးသူ မြောက်ကိုရီးယား ၁၀ဝ၀ ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ပဟေဠိဆန်ဆန် အခိုးခံရဟုဆို

တောင်ကိုရီးယားသို့ထွက်ပြေးလာသူ မြောက်ကိုရီးယား ၁၀ဝ၀ နီးပါးခန့်၏ ပုဂ္ဂိုလ်ရေးအချက်အချက်များ ပဟေဠိ ဆန်ဆန် ခိုးယူခံခဲ့ရကြောင်း တောင်ကိုရီးယားရှိ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

တောင်ပိုင်းမြို့ ဂူမီရှိ ဟာနာစင်တာရှိ ကွန်ပြူတာ စနစ်အတွင်းမှ ထွက်ပြေးလာသူ ၉၉၇ ဦးတို့၏အမည်၊ မွေးနေ့နှင့် လိပ်စာများကို အဖျက်အမှောင့်ဆော့ဖ်ဝဲအသုံးပြု၍ ခိုးယူခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဟာနာစင်တာသည် မြောက်ကိုရီးယားမှ ထွက်ပြေးလာသူ ၃၂၀ဝ၀ ခန့်အား အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဥပဒေရေးရာ အထောက်အကူပေးရန် ဝန်ကြီးဌာနအတွင်း ဖွဲ့စည်းထားသည့် စင်တာ ၂၅ ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ဆင်းရဲတွင်းနှင့် နိုင်ငံရေးဖိနှိပ်မှုရန်မှ လွတ်မြောက်ရန် မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများကို မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဆန်ကုန်မြေလေးများအဖြစ် ပြစ်တင်ရှုတ်ချလေ့ရှိသကဲ့သို့ တောင်ကိုရီးယားတို့၏ ပြန်ပေးဆွဲမှုများအဖြစ်လည်း စွပ်စွဲလေ့ရှိကြသည်။

အချက်အလက်များ ခိုးယူခံရမှုနောက်ကွယ်တွင် မြောက်ကိုရီးယားတို့ရှိနိုင်ခြေ ရှိမရှိကူမူ မှတ်ချက်ပေးရန် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အတိတ်က တောင်ကိုရီးယားနိုင်ငံပိုင်အေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများကို မြောက်ကိုရီးယားဟက်ကာများက ဆိုင်ဘာတိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

လွန်ခဲ့သည့်နှစ်ကလည်း မြောက်ကိုရီးယားသည် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနနှင့် သင်္ဘောတည်ဆောက်သူ တစ်ဦးထံမှ လုံခြုံမှုအဆင့်အတန်းရှိ စာရွက်စာတမ်းများကို ခိုးယူခဲ့ပြီး အွန်လိုင်းငွေကြေး ဆိုင်ဘာတိုက်ခိုက်မှုနောက်ဆက်တွဲ ဆိုင်ပ်တိုငွေလွှဲဌာန ဒေဝါလီခံရမှုနှင့်ပတ်သက်၍လည်း သံသယမကင်းဖွယ်ဖြစ်ကြောင်း စွပ်စွဲခံထားရသည်။

သို့သော် သတင်းပေါက်ကြားပြီးနောက် ထွက်ပြေးခိုလှုံသူများထံမှ ဆိုးကျိုးသက်ရောက်မှုသတင်း တစ်စုံတစ်ရာ မရရှိကြောင်းလည်း ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။