တောင်ကြီး၌ ယစ်မျိုးလိုင်စင်ထပ်မံချထားပေးခြင်းမရှိ၍ တရားမဝင်ရောင်းချသည့်အရက်ဆိုင် များပြားလာနေ

တောင်ကြီး၌ ယစ်မျိုးလိုင်စင်ထပ်မံချထားပေးခြင်းမရှိ၍ တရားမဝင်ရောင်းချသည့်အရက်ဆိုင် များပြားလာနေ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့တွင် အရက်ရောင်းချခွင့်ယစ်မျိုးလိုင်စင်များ ကို တရားဝင်အခွန်ထမ်းဆောင်၍ ရောင်းချ လိုသူများရှိနေသော်လည်း လိုင်စင်အသစ် ထပ်မံချထားပေးခြင်းမရှိသဖြင့် တရားမဝင် ရောင်းချနေသည့်ဆိုင်များ များပြားလာနေ ကြောင်း သိရသည်။

အခက်အခဲဖြစ်

တောင်ကြီးမြို့ပေါ်၌ လက်ရှိအချိန်တွင် ယစ်မျိုးလိုင်စင်အသစ် ချထားပေးခြင်းမရှိ သော်လည်း ယစ်မျိုးလိုင်စင်မရှိဘဲ အရက်နှင့် ယမကာမျိုးစုံရောင်းချနေသည့်ဆိုင်များ၊ ကုန် မျိုးစုံနှင့် အရက်ဘီယာရောင်းချသည့် ဆိုင်များ များပြားလာနေပြီး ယစ်မျိုးလိုင်စင်ရရှိထား သူများကလည်း တစ်ဆင့်ပြန်လည် ရောင်းချ ခြင်းများပြုလုပ်လျက်ရှိကာ ပေါက်ဈေးအနေ ဖြင့် ကျပ်သိန်း ၁၃၀ မှ ၁၅၀ အထိရှိနေသည့် အတွက် တရားဝင်အခွန်ဆောင်၍ ရောင်းချ လိုသူများအတွက် အခက်အခဲဖြစ်လျက်ရှိသည်။

လစဉ်ပုံမှန်စစ်ဆေး

ယင်းကဲ့သို့ တရားမဝင်ရောင်းချနေသည့် ယစ်မျိုးဆိုင်များကို ထိန်းချုပ်စီမံဆောင် ရွက်သွားမည့် အခြေအနေနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက "အရက်သောက်သုံးတဲ့သူတွေ လျော့နည်းသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လိုင်စင်အသစ်ကတော့ ချမပေးပါဘူး။ တရား မဝင်ရောင်းချတဲ့ဆိုင်တွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်၊ သက်ဆိုင်ရာတာဝန်ရှိသူတွေရယ်၊ ကျွန်တော်တို့ဌာနရယ်ပူးပေါင်းပြီး လစဉ် ပုံမှန်စစ်ဆေးတာတွေ ပြုလုပ်လျက်ရှိပါတယ်"ဟု ပြောဆိုခဲ့သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီမံ ခန့်ခွဲလျက်ရှိသည့် ယစ်မျိုးလိုင်စင်အမျိုးအစား ၃၈ မျိုးအနက် တောင်ကြီးမြို့နယ်အတွင်း လိုင်စင်အမျိုးအစားပေါင်း ၁၈ မျိုးမှ လုပ်ငန်း ပေါင်း ၂၉၃ ခုကို ယစ်မျိုးလိုင်စင်ချထားပေး ပြီးဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး