မြန်မာနိုင်ငံ၌ ရမ်ဆာဒေသအဖြစ်သတ်မှတ်ကာကွယ်နိုင်သည့် ရေဝပ်ဒေသများစွာရှိ

မြန်မာနိုင်ငံ၌ ရမ်ဆာဒေသအဖြစ်သတ်မှတ်ကာကွယ်နိုင်သည့် ရေဝပ်ဒေသများစွာရှိ

မြန်မာနိုင်ငံ၏ရေဝပ်ဒေသများတွင် နိုင်ငံ တကာအဆင့် အရေးပါပြီး ရမ်ဆာဒေသ အဖြစ်သတ်မှတ်ကာကွယ်နိုင်သည့် ရေဝပ် ဒေသများစွာရှိကြောင်း သယံဇာတနှင့်သဘာ ဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီကပြော ဆိုသည်။

ရှာဖွေထား

"ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင်ပညာရှင် များရဲ့ဖော်ထုတ်ချက်အရ မြန်မာနိုင်ငံမှာ ကုန်းတွင်းသဘာဝရေဝပ်ဒေသ ၅၆ ခု၊ ကမ်းရိုး တန်းနဲ့ ပင်လယ်အဏ္ဏဝါဒေသများမှာရှိတဲ့ သဘာဝရေဝပ်ဒေသ ၃၃ ခုနဲ့ လူတို့ဖန်တီး ထားတဲ့ရေဝပ်ဒေသ ၁၁ ခု စုစုပေါင်းရေဝပ် ဒေသ ၁၀ဝ ကို ၂၀၁၈ ခုနှစ် မတ်လတွင် ကနဦးမူကြမ်းအဖြစ် ရှာဖွေထားရှိပါတယ်" ဟု အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောဆိုသည်။

နေပြည်တော်ရှိ သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၇ ရက်က ကျင်းပသည့် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ် ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ၂/၂၀၁၈ အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖော်ထုတ်

အဆိုပါသတ်မှတ်ထားသည့် ရမ်ဆာဒေသ များသည် ရမ်ဆာစံသတ်မှတ်ချက်ကိုးခုမှ အနည်းဆုံးတစ်ခုနှင့် ကိုက်ညီနိုင်သည့်အတွက် ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင်ပညာရှင်များက ဖော်ထုတ်ထားခြင်းသာဖြစ်ပြီး ရမ်ဆာဒေသ အဖြစ် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်မည်ဆိုပါက အချက်အလက်များ ထပ်မံစုဆောင်းခြင်း၊ ဒေသခံများ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်။

ရေဝပ်ဒေသများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ရေး၊ အကျိုးရှိရှိအသုံးချ ရေး၊ အဆင့်အတန်း ပြန်လည်မြှင့်တင်ရေးတို့ ကို ဦးစားပေးဆောင်ရွက်ရန်လမ်းညွှန်နိုင်မည့် မူဝါဒတစ်ရပ် ရေးဆွဲအကောင်အထည်ဖော် နိုင်ရေး၊ အမျိုးသားရေဝပ်ဒေသဆိုင်ရာမူဝါဒ နှင့် မဟာဗျူဟာလုပ်ငန်းများကိုလည်း အတည် ပြုထုတ်ပြန်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ ထံ ယခုနှစ် နိုဝင်ဘာလအတွင်းက တင်ပြ ထားပြီးဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး