မန္တလေး ရတနာမောလ်ကျောက်မျက်ဈေးတွင် ပထမအကြိမ် ကျောက်မျက်အချောထည်ပြပွဲ ပြုလုပ်မည်

မန္တလေး ရတနာမောလ်ကျောက်မျက်ဈေးတွင် ပထမအကြိမ် ကျောက်မျက်အချောထည်ပြပွဲ ပြုလုပ်မည်

မန္တလေးမြို့ ရတနာပုံဒိုင်းမွန်းအပေါ်ထပ်ရှိ ရတနာမောလ်ကျောက်မျက်ဈေးတွင် နိုင်ငံပေါင်း ၁၀ဝ ကျော်မှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ အပြည် ပြည်ဆိုင်ရာ ကျောက်မျက်နှင့်လက်ဝတ်ရတနာအချောထည်ပြပွဲကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲပြုလုပ်မည်

အဆိုပါကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲအား မန္တလေး ရတနာ မောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဦးဆောင်၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

ကမ္ဘာသိအောင်

"မန္တလေးမှာတော့ အခုလိုပြုလုပ်တာက ပထမဆုံးဖြစ်ပါတယ်။ ရတနာကုန်သည်တွေ ပေါင်းဆုံပြီးမှ အခုလိုပွဲလေးလုပ်တာပါ။ အရင်က မန္တလေးမှာ နိုင်ငံတကာပွဲကိုမလုပ်တဲ့အခါ ကျတော့ ဈေးကွက်မရှိသလိုဖြစ်နေတယ်။ အခုကျတော့ ကမ္ဘာကသိအောင် ဒီပွဲလေးလုပ် တဲ့သဘောပါ" ဟု မန္တလေးရတနာမောလ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဒေါ်စန်းစန်းဝင်းက ပြောဆိုသည်။

ယင်းကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံခြားငွေပေးချေမှုများနှင့် အခွန်ကိစ္စရပ်များ ကိုလည်း ကော်မတီက ဥညန ှအသစ ှနမလငခန ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူတိုင်းသိမည်

"ကျွန်မတို့အနေနဲ့ကတော့ ဒီလိုနိုင်ငံတကာအဆင့်မီပြပွဲကို လာပြုလုပ်ပေးတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဒါမှလည်း ရတနာမောလ်ကျောက်မျက်ရတနာ အရောင်းအဝယ် ပြုလုပ်တဲ့နေရာကို လူတိုင်းသိလာမှာပါ။ ဒီနေရာကတော့ လူတိုင်းတောင် မသိသေးတော့ အရောင်းအဝယ် နည်းနည်းပါးသေးတယ်" ဟု ကျောက်စိမ်းလက်ကောက်ရောင်းသည့် မသီသီမြင့်က ရှင်းပြသည်။

ပြပွဲတွင် ကျောက်စိမ်းပန်းပု၊ ကျောက်ပန်းချီ၊ ပတ္တမြား၊ နီလာ၊ ပုလဲ စသည့်ကျောက်မျက် အချောထည်များ ရောင်းချပေးသွားမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၀ဝ နီးပါး ပါဝင်ခင်းကျင်း ပြသမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး