တရုတ်နိုင်ငံက လာမည့်နှစ်တွင် သွင်းကုန်ပစ္စည်းများစွာအားအခွန်လျှော့ချပြီး အမေရိကန်ပြည်ထောင်စုမှ ဆန်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
လိုအပ်သော စံချိန်စံညွှန်းထုတ်ပြန်ချက်နှင့်အညီ တရုတ်က အမေရိကန်ဆန်အား တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း တရုတ် ဗဟိုအကောက်ခွန်ဌာနက ဒီဇင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်တွင် ပြောဆိုသည်။
တရုတ်နိုင်ငံက လာမည့်နှစ်တွင် သွင်းကုန်ပစ္စည်းများစွာအား အခွန်လျှော့ချပြီး အမေရိကန်ပြည်ထောင်စုမှ ဆန်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေး ဝန်ကြီးက အတည်ပြုသည်။ ၂၀၁၉ ခုနှစ်တွင်သက်ရောက်မည့် သွင်းကုန်ပစ္စည်းများစွာ အား အခွန်ဖြတ်တောက်လျှော့ချမှုမှာ အသေးစားနှင့်အလတ်စားလုပ်ငန်းများအပေါ် ဝန်ထုပ်ဝန်ပိုးများလျော့ကျစေရန်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇- ရက်နှင့် ၂၈ ရက် နှစ်ရက် ဆက်တိုက်ကျင်းပသော ကွန်ဖရင့်တွင် တရုတ်ဘဏ္ဍာရေးဝန်ကြီးလျူခွန်က အတည်ပြု ပြောကြားခဲ့သည်။ နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းသစ်များအနေဖြင့် အခွန် လျှော့ချမှုနှင့် သက်သာခွင့်များရရှိမည်ဖြစ်ကြောင်း သိရသည်။
တရုတ်အနေဖြင့် ကြိုတင် တုံ့ပြန်ရေး စီးပွားရေးမူဝါဒအား ကျင့်သုံးသွားမည်ဖြစ်ကြောင်းဖြင့် လွန်ခဲ့သည့် သီတင်း ပတ်ကကျင်းပခဲ့သည့် နှစ်ပတ်လည် ဗဟိုစီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကွန်ဖရင့်က လမ်းညွှန်သဘောထားချမှတ်ခဲ့ကြောင်း သိရသည်။
















