စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် တည်ရှိပြီး ကလေးဒေသ၊ တမူးဒေသ၊ ယော ဒေသ၊ ချင်းပြည်နယ်တို့မှခရီးသွားများ အားကိုး အားထားပြုသွားလာရသည့် ကလေးလေဆိပ် အဆောက်အအုံကို အဆင့်မီအဆောက်အအုံ အဖြစ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲတည် ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ က ပြောဆိုသည်။
အဆင့်မြှင့်တင်
ခရီးသွားများပြားသည့် ကလေးမြို့လေဆိပ် အဆောက်အအုံအဆင့်မြှင့်တင်နိုင်ရန် အိန္ဒိယ နိုင်ငံသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီးရောက်ရှိစဉ် ကလေးမြို့ လေဆိပ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် နှစ် နိုင်ငံ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး အိန္ဒိယ လေဆိပ်အာဏာပိုင်အဖွဲ့များက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို အသေးစိတ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ အစိုးရ၏သဘောထားမှတ်ချက်ရယူနိုင်ရန် အစီရင်ခံစာကို မြန်မာနိုင်ငံသို့ မကြာမီပေးပို့ နိုင်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ကလေးမြို့လေဆိပ်ကို အဆင့်မြှင့်တင်ပြုပြင်နိုင်ဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၄၀ဝ၊ ၂၀၂၀--၂၀၂၁ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၃၀ဝ စုစုပေါင်း ကျပ်သန်း ၇၀ဝ နဲ့ ပြုပြင်ဖို့ လျာထားသတ် မှတ်ပါတယ်။ ဒါပေမဲ့ ရန်ပုံငွေရရှိမှုပေါ်မူတည် ပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။
ဆင်းသက်ရပ်နားနိုင်
ကလေးမြို့လေဆိပ်အဆောက်အအုံ ယခု လက်ရှိမှာ အလျားပေ ၁၂၀ _ အနံပေ ၆၀ ဖြစ်ရာ အဆင့်မြှင့်တင်ပြုပြင်ပြီးပါက အလျား ပေ ၁၂၀ _ အနံပေ ၁၀ဝ ရှိအဆောက်အအုံ ရှိမည်ဖြစ်ကြောင်း သိရသည်။ ကလေးမြို့ လေဆိပ်ကို ၁၉၄၅ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လေယာဉ် ပြေးလမ်းကို အလျားပေ ၇၀ဝ၀ သို့လည်း ကောင်း၊ အကျယ်ပေ ၁၀ဝ သို့လည်းကောင်း တိုးချဲ့တည်ဆောက်ထားသည်ဖြစ်၍ ပြည်တွင်း ပြည်ပလေယာဉ်များပါ ဆင်းသက်ရပ်နားနိုင် ကြောင်း သိရသည်။
















