အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗာနီးယားပြည်နယ်တွင် အထူးရဲတပ်ဖွဲ့မှ စေ့စပ်သူအရာရှိတစ်ဦးက နာမည်ကျော် ခရစ်စမတ်သီချင်းတစ်ပိုဒ်ဆိုပြ၍ သေနတ်တစ်လက်ကိုင်၍ ကိုးနာရီကြမျှ ရမ်းကားနေသူကို လက်နက်ချစေနိုင်ခဲ့သည်။
အရှေ့ဗင်းဆင့်မြို့နယ်၊ ချက်စတာကျေးလက်တွင် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က အမူအရာပုံမှန်မဟုတ်သည့် လူတစ်ဦးသည် ၄င်း၏အိမ်တွင်း၌ ရိုင်ဖယ်သေနတ်တစ်လက်နှင့်အတူ တားဆီးပိတ်ဆို့ထားခဲ့သည်။
ယင်းကြောင့် မိသားစုဝင်တစ်ဦးက ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့၍ ရောက်ရှိလာချိန်တွင် အိမ်တွင်းမှ ပစ်ခတ်သဖြင့် ရဲကားအချို့ ထိမှန်ခဲ့သည်။
ယင်းနောက် ရဲအထူးတပ်ဖွဲ့ပါ ရောက်ရှိလာသော်လည်း သေနတ်သမားသည် လက်နက်ချရန် ငြင်းဆန်နေပြီး ကိုးနာရီကြာမျှ ရှေ့မတိုး နောက်မဆုတ်အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း ခရိုင်ရှေ့နေ သောမတ်ဟိုဂန်က ဖေ့စ်ဘွတ်တွင် ဖော်ပြခဲ့သည်။
ဟိုဂန်က ၄င်းသည် ချမ်းအေးသည့် ခရစ္စမတ်ညတွင် တာဝန်ထမ်းနေရသူ ရဲတပ်ဖွဲ့များအား အားပေးရန် ရိန်းဒီးယား သမင်ပုံ ဘီစကွတ်များနှင့်အတူ အချင်းဖြစ်ရာသို့ ရောက်ရှိသွားခဲ့ကြောင်း၊ သို့သော် ၄င်းရောက်ရှိခြင်းမပြုမီပင် စေ့စစ်ရေးသမား ရဲအရာရှိကို သေနတ်သမားက အဖြူရောင်ခရစ္စမတ်သီချင်းကို ဆိုပြရန် တောင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် ကျော်ကြားလှသည့် ယင်းခရစ္စမတ်သီချင်းကို ဆိုပြခဲ့ပြီးနောက် မနက် ခြောက်နာရီတွင် သေနတ်သမားက လက်နက်ချ အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

















