ကျပ်သိန်းတစ်ထောင့်ငါးရာကျော်ဖိုး စိတ်ကြွဆေးနှင့် ဘိန်းဖြူများ မိုးမောက်တွင် ဖမ်းမိ

ကျပ်သိန်းတစ်ထောင့်ငါးရာကျော်ဖိုး စိတ်ကြွဆေးနှင့် ဘိန်းဖြူများ မိုးမောက်တွင် ဖမ်းမိ

မိုးမောက်မြို့နယ်တွင် မော်တော်ယာဉ်ဖြင့်သိုဝှက်သယ်ဆောင်လာသော သိန်း ၁၆၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများကို မူးယစ်တပ်ဖွဲ့က ဒီဇင်ဘာ ၂၉ ရက်၌ ဖမ်းဆီးအရေးယူခဲ့ သည်။ 

အဆိုပါနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ် လွယ်ဂျယ်-မိုးမောက်လမ်းကြောင်းပေါ်တွင် ကွတ်ခိုင်မြို့နေ ဝင်ဖိုး(၃၄ နှစ်) ဆိုသူမောင်းနှင်လာသည့် ALPHARDအဖြူရောင် ယာဉ်ကို မူးယစ်ရဲတပ်ဖွဲ့စု(၁)အဖွဲ့က ဝိန်းခမ်းရွာထိပ်တွင် မူးယစ်ဆေးဝါးသတင်းအရ တားဆီးစစ်ဆေးခဲ့သည်။

အဆိုပါယာဉ်ရှေ့ခန်းဒက်ရှ်ဘုတ်နှင့်ယာဉ်ကြမ်းခင်းအံဝှက်အတွင်းမှစိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း (၅၅၈၀ဝ)ပြား (ဒေသပေါက်ဈေး ၁၁၁,၆၀ဝ,ဝ၀ဝ ကျပ်)နှင့် ယာဉ်ကြမ်းခင်းအံဝှက်အတွင်းမှ Love is flower ရောင်စုံဆပ်ပြာခွက်(၄၄)ခွက်ဖြင့်ထည့်ထားသည့် စုစုပေါင်းဘိန်းဖြူမှုန့်အလေးချိန်(၄၈၄)ဂရမ် (ဒေသ)ပေါက်ဈေး ၄၈,၄၀ဝ,ဝ၀ဝ ကျပ်၊ မူးယစ်ဆေးဝါး ဆက်စပ်သည့်မြန်မာငွေစက္ကူ (၁၀ဝ,ဝ၀ဝ)ကျပ်တို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။ 

လွယ်ဂျယ်နယ်မြေရဲစခန်းက မယ(ပ)၃၈/၂၀၁၈၊ ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူထားသည်။