ဆားဘီးယားနိုင်ငံ၌ သမ္မတအလက်ဆန်းဒါး ဗူချစ်လက်ထက်တွင် ဒီမိုကရေစီရေးအရ လွတ်လပ်မှုများ ထိခိုက်လာမှုနှင့်ပတ်သက်၍ နိုင်ငံသားထောင်ပေါင်းများစွာ ဆန္ဒပြမှု ရက်သတ္တပတ်လေးပတ်မြောက်သွားပြီဖြစ်သည်။
ဆန္ဒပြသူများသည် ဒီဇင်ဘာ ၂၉ ရက်တွင် ဘဲဂရိတ်မြို့လယ်၌ ချီတက်ခဲ့ကြပြီး တချို့သည် ကတ်ပြားများကိုင်ဆောင်ကာ၊ တချို့ကလည်း ဝီစီများမှုတ်ပြီး တချို့ကလည်း ဗူချစ် သူခိုး ဟု ကြွေးကြော်ခဲ့သည်။ ဆန္ဒပြမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများရှိခဲ့သည်။
ဗူချစ်သည် မီဒီယာများအပေါ် ပိိုမိုတင်းကျပ်စွာထိန်းချုပ်ပြီး အစိုးရကိုဝေဖန်သူများ နှုတ်ဆိတ်သွားအောင် လုပ်ဆောင်နေကြောင်း အစိုးရအတိုက်အခံများက ပြောဆိုခဲ့သည်။
ယင်းစွပ်စွဲချက်များ မမှန်ကန်ကြောင်း ဗူချစ်ကပြောဆိုခဲ့သည်။
လွန်ခဲ့သောလတွင် အစိုးရလက်ဝေခံလူတစ်စုက အတိုက်အခံနိုင်ငံရေးသမားတစ်ဦးကို ရိုက်နှက်ခဲ့ရာမှ ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗစ်ချစ်အစိုးရ၏အမုန်းတရားဖြန့်ချိမှုကြောင့် နိုင်ငံရေးသမား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
ဗူချစ်၏အစိုးရသည် အတိုက်အခံမီဒီယာများ ကြော်ငြာရရှိခြင်းမရှိအောင် လုပ်ဆောင်ခြင်းအပါအဝင် အတိုက်အခံမီဒီယာများ၏ ငွေကြေးအရင်းအမြစ်များကိုပိတ်ပင်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။
မကြာသေးမီတွင် ဖြစ်ပွားခဲ့သည့် လမ်းမပေါ်ထွက် ဆန္ဒပြမှုများသည် လက်ရှိ ဆားဘီးယားအစိုးရအပေါ် မကျေနပ်မှုများနှင့်ပတ်သက်၍ လူအင်အားအများဆုံးပါဝင်သည့် ဆန္ဒပြမှုများဖြစ်သည်။
ဆားဘီးယားအား ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်း အမျိုးသားရေးဝါဒီဟောင်း ဗူချစ်ကပြောဆိုခဲ့သည်။

















