ဘိန်းဖြူနှင့် စိတ်ကြွဆေးရောင်းရန် ကေတီဗီဆိုင်သို့လာသည့် ရဲတပ်သားကို ဖမ်းမိ

ဘိန်းဖြူနှင့် စိတ်ကြွဆေးရောင်းရန် ကေတီဗီဆိုင်သို့လာသည့် ရဲတပ်သားကို ဖမ်းမိ

မုံရွာမြို့နယ်စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗီဆိုင်တစ်ခုတွင် ရဲတပ်သားတစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွရူး သွပ်ဆေးပြားကျပ် ၂၉၂ သိန်းကျော်ဖိုးခန့်ကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါနေ့ ညနေ ၅နာရီ မိနစ် ၄၀ ခန့်တွင် မုံရွာ စက်မှုဇုန်ရပ်ကွက် နယ်မြ(၅) ၃၉ လမ်းရှိ ကေတီဗီ ဆိုင်တစ်ဆိုင်တွင် မူးယစ်ဆေးအရောင်းအဝယ်ပြုလုပ်နေကြောင်းသတင်းအရ မူးယစ်တပ်ဖွဲ့စု(၈)မှ တပ်ဖွဲ့ဝင်များက စောင့်ကြည့်ခဲ့သည်။ 
ထိုသို့စောင့်ကြည့်နေစဉ် အဆိုပါကေတီဗီဆိုင်သို့ မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်ရန် ရောက်ရှိ လာသည့် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ပြည့်စုံအောင်ကိုတွေ့ရှိခဲ့သည်။
 ၄င်းလွယ်ထားသည့် ကျောပိုး အိတ်အတွင်းမှ မှိုင်းခံစက္ကူဖြင့် ပတ်လိပ်ထားသော ဆပ်ပြာခွက်နှင့် ထည့်လျက် ဘိန်းဖြူ (၅၅) ဂရမ်တန်ဖိုး(၅၅ သိန်း)နှင့် အဝါရောင်တိတ်ဖြင့််လိပ်ထားပြီးမှိုင်းခံစက္ကူဖြင့်ထုတ်ပိုးထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ပြား တန်ဖိုး၂၉၂၅၀ဝ၀ဝ ကျပ်ခန့်နှင့် ၄င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။ 
မုံရွာနယ်မြေရဲစခန်းက ၄င်းကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။