၂၀၁ ခုနှစ်အတွက် ဗီယက်နမ်အမျိုးသားချည်မျှင်နှင့်အထည်လုပ်ငန်း ဗီနာတက်စ်က ယမန်နှစ်ကာလတူထက် ၆ ဒသမ ၆ ရာခိုင်နှုန်းပိုမိုရရှိ

၂၀၁ ခုနှစ်အတွက် ဗီယက်နမ်အမျိုးသားချည်မျှင်နှင့်အထည်လုပ်ငန်း ဗီနာတက်စ်က ယမန်နှစ်ကာလတူထက် ၆ ဒသမ ၆ ရာခိုင်နှုန်းပိုမိုရရှိ

ဗီယက်နမ်အမျိုးသားချည်မျှင်နှင့်အထည်လုပ်ငန်း ဗီနာတက်စ်က ၂၀၁၈ ခုနှစ်အတွက် ဝင်ငွေ ဒေါင် ၄၈ ဒသမ ၇ ထရီလီယံရရှိကာ အခွန်မဆောင်မီအမြတ် ဒေါင် ၁ ဒသမ ၅၃ ထရီလီယံရရှိပြီး ယမန်နှစ်ကာလတူထက် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၆ ရာခိုင်နှုန်းအသီးသီးပိုမိုရရှိသည်ဟုဆိုသည်။

အဆိုပါထုတ်ပြန်ချက်အား ဗီနာတက်စ်၏ အမ်ဒီဖြစ်သူ ကောင်ဟူဟွေက ဟနွိုင်းတွင် ကျင်းပနေသည့်ကွန်ဖရင့်၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ဗီယက်နမ်အမျိုးသားချည်မျှင်နှင့်အထည်လုပ်ငန်း ဗီနာတက်စ်က ကုန်ထုတ်လုပ်မှုတန်ဖိုး ဒေါင် ၄၆ ဒသမ ၁ ထရီလီယံရရှိပြီး ယမန်နှစ် ကာလတူထက် ၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အဆိုပါ ဗီယက်နမ်အမျိုးသား ချည်မျှင်နှင့်အထည်လုပ်ငန်း ဗီနာတက်စ်က ၂၀၁၈ ခုနှစ်ပြည်ပတင်ပို့မှုမှာ ဒေါ်လာ ၃ ဒသမ ဝ၅ သန်းရှိပြီး ယမန်နှစ်ကာလတူထက် ၁၀ ဒသမ ၉ ရာခိုင်နှုန်းပိုခဲ့သည်။အထူးသဖြင့် အမြတ်ငွေမှာ ယမန်နှစ်ထက် ၃၅ ရာခိုင်နှုန်းပိုခဲ့သည်။

၂၀၁၅--၂၀၁၆ ခုနှစ်နောက်ပိုင်း ဗီယက်နမ်အမျိုးသားချည်မျှင်နှင့်အထည်လုပ်ငန်း ဗီနာတက်စ်က ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်အပြီး စီမံကိန်းသစ်များကြောင့် ကွာလတီအော်ဒါအများအပြားရလာသည်။ ဖူဟွန်း၊နမ်ဒင်း၊ ဖူကောင်စသည်တို့တွင် ချည်မျှင်စက်ရုံစီမံကိန်းသစ်များဖော်ဆောင်ခဲ့ သောကြောင့်ဖြစ်သည်။ အဆိုပါစက်ရုံသစ် အရင်းအနှီးတိုးပြီး ထုတ်လုပ်မှုတိုးတက်သဖြင့် ပိုမိုအောင်မြင်ကာအမြတ်အစွန်းရခြင်းဖြစ်ကြောင်း၊ အကယ်၍သာ တရုတ်--အမေရိကန် ကုန်သွယ်ရေးစစ်မဖြစ်ခဲ့လျှင် ပိုမိုအောင်မြင်နိုင်ကြောင်း ဆိုသည်။