မြန်မာ့လက်ရွေးစင်နည်းပြလျှောက်လွှာ  ဇန်နဝါရီ  ၁၀  ရက်ပိတ်မည်

မြန်မာ့လက်ရွေးစင်နည်းပြလျှောက်လွှာ  ဇန်နဝါရီ  ၁၀  ရက်ပိတ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ် လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြရာထူးနေရာအတွက် နိုင်ငံခြားသား နည်းပြကိုရှာဖွေလျက်ရှိရာ ၂၀၁၉ခုနှစ် ဇန်န ဝါရီ ၁၀ ရက်တွင် လျှောက်လွှာပိတ်မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းကို ပြီးခဲ့သည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရအောင် စွမ်းဆောင်မပေးနိုင်ခဲ့၍ ဂျာမနီနိုင်ငံသားနည်းပြ အန်တွမ်နီဟေးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်တို့လမ်းခွဲခဲ့သည်။ ထိုနောက် လစ်လပ်လျက် ရှိသည့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြ နေရာအတွက် လျှောက်ထားလာသည့် နိုင်ငံ ခြားသားနည်းပြများကို စိစစ်လျက်ရှိနေပြီး အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်သူကိုသာ နည်းပြအဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦး ဘုန်းနိုင်ဇော်က ပြောဆိုသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြအဖြစ်လျှောက်ထားသူသည် အေအက်ဖ်စီ (သို့မဟုတ်) ယူအီးအက်ဖ်အေပရိုလိုင်စင်ရှိရ မည်ဖြစ်ပြီး လက်ရွေးစင်အသင်းနည်းပြအတွေ့ အကြုံအနည်းဆုံးခြောက်နှစ်ရှိရမည် ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှနှင့် အာရှဘောလုံး ရေးရာများကို ကျွမ်းကျင်ရမည်ဖြစ်ပြီး မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဌာနနှင့် ပူးပေါင်းလုပ်ကိုင်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ အားကစားနှင့်ပတ်သက်သည့် အုပ်ချုပ်ရေး ပိုင်းကျွမ်းကျင်ရမည်ဖြစ်ပြီး ဒီဂျစ်တယ်နည်း ပညာများကိုအသုံးပြုနိုင်ရမည်ဖြစ်ကာ အင်္ဂလိပ် စကားကျွမ်းကျင်စွာ ပြောဆိုတတ်ရန် လိုအပ် ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့ လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခြင်း ခံရသူကို ၂၀၂၂ ခုနှစ်အကုန်အထိ စာချုပ်မည် ဖြစ်ပြီး မြန်မာအသင်းကို နိုင်ငံတကာပြိုင်ပွဲ များ၌ အောင်မြင်မှုများရရှိအောင် စွမ်းဆောင် ပေးရမည်ဖြစ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး