ဒေးဒရဲ ဒေါ်စောဥတန်ဆောင်း ပြုပြင်ရေး အလှူရှင်များကုသိုလ်ယူ  ပါဝင်လှူဒါန်းနိုင်

ဒေးဒရဲ ဒေါ်စောဥတန်ဆောင်း ပြုပြင်ရေး အလှူရှင်များကုသိုလ်ယူ  ပါဝင်လှူဒါန်းနိုင်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့မှ အလှူရှင်ဒေါ်စောဥ၊ သမီး မခင်မြင့်၊ မခင်ဆင့်၊ သားကိုမောင်မြင့်၊ ကိုသန်းလှိုင် (အဆိုတော်)တို့က ၁၃၀၁ ခုနှစ်တွင် တည်ဆောက် လှူဒါန်းခဲ့သော ဒေါ်စောဥတန်ဆောင်းကြီး၏ ဘုံဆောင်ကြီး ငါးဆောင်အနက် ဘုံဆောင်နှစ်ဆောင်မှာ ယခုနှစ်မေ ၁၀ ရက်က တိုက်ခတ်ခဲ့သည့် လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည်။

ယင်းဘုံဆောင် နှစ်ဆောင်အား ပြန်လည်ပြုပြင်ရန်လိုအပ်လျက်ရှိရာ ရပ်ဝေး၊ ရပ်နီးမှ စေတနာရှင်များအနေဖြင့် ပါဝင် ကုသိုလ်ယူလှူဒါန်းလိုပါက ဦးဝင်းသန်း (ဥက္ကဋ္ဌ) ဖုန်း“ ဝ၉–၄၂၂၄၅၃၃၇၊ ဦးကျော်လင်းနိုင် (အတွင်းရေးမှူး) ဖုန်း–ဝ၉–၂၅၂၃၉၉၆၆ နှင့် ဦးမောင်မောင် (ဘဏ္ဍာရေးမှူး) ဖုန်း–ဝ၉–၂၅၄၆၆၉၀၆၃ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး