ပြည်တွင်းတွင် ရဟတ်ယာဉ်ငှားရမ်းသုံးစွဲသူများနှင့် ပတ်သက်၍ ကုန်ပစ္စည်းပို့ဆောင်မှုနှင့်ရုပ်ရှင်ရိုက်ကူးမှုလုပ်ငန်းများအတွက်သာ သုံးစွဲမှုများကြောင်း သိရသည်။
ခွင့်ပြုချက်တင်
"လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အဆင်းအတက်လုပ်ဖို့ သတ်မှတ်ပေးထားတဲ့နေရာတွေကို သွားလို့ရပါတယ်။ အခုက ကုန်ပစ္စည်းပို့ဆောင်တာ၊ ရုပ်ရှင်ရိုက်ကူးတာတို့ အသုံးပြုကြတာများပါတယ်" ဟု Travels& Tours ခရီးသွားလုပ်ငန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ငှားရမ်းသုံးစွဲ
အဆိုပါရဟတ်ယာဉ်ဝန်ဆောင်မှုကို ယခင်ကတည်းက လုပ်ကိုင်ခဲ့သော်လည်း ဝန်ဆောင်ခမှာကြီးမြင့်နေသည့်အတွက် ပြည်တွင်းမှ သာမန်ခရီးသွားများထက် ကုမ္ပဏီလုပ်ငန်းကြီး အချို့ကသာ ငှားရမ်းသုံးစွဲကြကြောင်း သိရသည်။
ထိုသို့ ငှားရမ်းသုံးစွဲမည်ဆိုပါက သက်ဆိုင်ရာသို့ ကြိုတင် ခွင့်ပြုချက်တင်ရပြီး ခွင့်ပြုချက်ရရှိမှသာ သွားခွင့်ရှိသည်။
"တချို့နေရာတွေကျတော့ ခရီးသည်က သွားချင်ရင် သွားခွင့်ရမရဆိုတာကတော့ အရင်ဆုံးခွင့်ပြုချက်တင်ရပါမယ်။"ဟု မကာစနအ ွှမလေနျူရ ွှသကမျ ခရီးသွားလုပ်ငန်းကုမ္ပဏီမှ အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။
ပျံသန်းချိန်တွက်ရ
"ပျံသန်းချိန် ကို တွက်ချက်ကာ တစ်နာရီ အမေရိကန်ဒေါ်လာ ၄၀ဝ၀ နှုန်းနဲ့ တွက်ယူပါတယ်။ ဒါကြောင့်ဘယ်နေရာတော့ဖြင့် ဘယ်လောက်ကျတယ်ဆိုတာ ပုံသေပြောလို့မရပါဘူး။ ရာသီဥတုအနေအထားရယ် သွားလာတဲ့အခြေအနေတွေ အပေါ် မူတည်ပြီး ပျံသန်းချိန်ကို တွက်ရတာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုရှင်းပြသည်။
ဝန်ဆောင်မှုပေး
ထိုသို့ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဏငူသအ နှစ်ဦး၊ ခရီးသည်လေးဦးလိုက်ပါနိုင်သော ရဟတ်ယာဉ်နှစ်စင်းနှင့် ခရီးသည် ၁၀ ဦးလိုက်ပါစီးနင်းနိုင်သော ရဟတ်ယာဉ် တစ်စင်း စုစုပေါင်းသုံးစင်းဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။















