ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မိပြီး တစ်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရ

ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မိပြီး တစ်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရ

ဝေါမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်တွင် ယာဉ် နှစ်စီးတိုက်မိခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်၁၁ နာရီ မိနစ် ၄၀ ခန့်တွင် သာကေတမြို့နယ်နေ ကျော်လင်း (၂၇)နှစ် မောင်းနှင်ပြီး အမျိုးသား ၁၃ ဦး လိုက်ပါလာသည့် Pickup ဘုရားဖူးယာဉ်သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် (၆၇/၁-၂)ကြား၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိခဲ့သည်။ 
ထိုသို့ရောက်ရှိသွားစဉ် မြောက်ဥက္ကလာပမြို့နယ်နေဦးခင်မြင့်ကျော်(၆၀)နှစ် မောင်းနှင်ပြီး အမျိုးသား လေးဦးလိုက်ပါလာသည့် Honda Fit ယာဉ်နှင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သည်။ 


ယာဉ်နှစ်စီးတိုက်မိမှုကြောင့် Honda Fit ယာဉ်ပေါ်ပါသူ(၆၅)နှစ်အရွယ်အမျိုးသား အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၁၀ ဦးတွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် ဝေါပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။
ယာဉ်မောင်း ကျော်လင်းကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ဝေါမြို့မရဲစခန်းက ယာဉ်(ပ) ၅၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အသီးသီး အမှုဖွင့်အရေးယူထားသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး