ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ရွှေဟင်္သာတောရပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၏ သက်တော်အရှည်ဆုံး သတ္တမစံကျောင်းဆရာတော်ဘဒ္ဒန္တဣန္ဒဝံသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ ရွှေဟင်္သာဝံသသံဃမဟာ နာယကာဓိပတိ၊ နိုင်ငံတော်သြဝါဒါစရိယ)၏ သက်တော် (၁၀ဝ) ပြည့် ရာပြည့်ဂုဏပူဇာသဘင်ကို ၁၃၈၀ ပြည့်နှစ် ပြာသိုလဆန်း ၁၄ ရက် (၁၉-၁-၂၀၁၉ ရက်) တွင် အဆိုပါကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။
ဖိတ်ကြားနှိုးဆော်
သက်တော် (၁၀ဝ) ပြည့် သတ္တမစံကျောင်းဆရာတော်ကြီး၏ ရာပြည့်ပူဇာသဘင်၌ ရပ်နီး ရပ်ဝေးနေတပည့်သံဃာ၊ ဒကာဒကာမအပေါင်းတို့အနေဖြင့် ကုသိုလ်ပြုပါဝင် လှူဒါန်းလိုပါက ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒ ဖုန်း-ဝ၁-၅၅၉၆၂၄ နှင့် ဝ၉-၇၉၅၇၉၂၄၄၇၊ ဘဒ္ဒန္တအာဒိစ္စ ဖုန်း -ဝ၉-၇၉၈၂၅၁၃၆၂ နှင့် ဦးမျိုးအောင် ဖုန်းှူဝ၉ှ-၂၅၀၁၂၁၈၇၆ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းနှင့် ပူဇော်ပွဲသို့ မပျက်မကွက် တက်ရောက်ကြည်ညိုကြပရန် ပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီက ဖိတ်ကြားနှိုးဆော်ထားသည်။















