ပဲခူးမြို့မရဲစခန်းမှ အချုပ်ကားမောင်းနှင်သည့် ရဲတပ်ကြပ်ကြီးတစ်ဦးကို တုတ်ဖြင့်ရိုက်သတ်ခဲ့သူကို သက်ဆိုင်ရာက ဒီဇင်ဘာ ၃၁ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၁၁ နာရီကျော်တွင် ပဲခူးမြို့ ရွှေဖရုံမယ် ၈လမ်းထိပ်ရှိ လက်ဖက်ရည် ဆိုင်အနီးတံတားအုတ်ခုံနားတွင် ပဲခူးမြို့မရဲစခန်းမှ အချုပ်ကားမောင်းနှင်သည့် ရဲတပ်ကြပ်ကြီး ညီညီ နှင့် ဝင်းမိုးကျော်(ခ)ဝက်သိုး တို့ စကားများရန်ဖြစ်ရာမှ သစ်သားတုတ်ဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။
ထိုသို့ရိုက်နှက်ခဲ့ခြင်းကြောင့် ရဲတပ်ကြပ်ကြီးညီညီတွင် ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဇနီးဖြစ်သူ က ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ပဲခူးမြို့မရဲစခန်းက (ပ)၂၃၃၃/၁၈ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ အရ ကျူးလွန်သူ ဝင်းမိုးကျော်(ခ) ဝက်သိုးကို အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
















