ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာနေ တောင်သူဒေါ်မြင့်မြင့်သိန်း၏ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့် ဧက ၂၀ ရှိ ပဲတီစိမ်းစိုက်ခင်းများ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီတွင် ဥကပ်ပါးနကျယ်ကတ် ၈၀ဝ ကို ချိတ်ဆွဲပေးခဲ့ကြသည်။
ထိုသို့ ချိတ်ဆွဲထားသဖြင့် ဥကပ်ပါးနကျယ်ကတ်များမှ အကောင်များပေါက်ဖွားလာပြီး ပဲတီစိမ်းပင်များတွင် ကျရောက်သော ငမြှောင် တောင်၊ ဖလံကောင်မျိုးနွယ်အုပ်စုများ၏ ဥများကို ဖျက်ဆီးစားသောက်ခြင်းကြောင့် ပိုးမွှားကောင်များ ပေါက်ပွားလာခြင်း မရှိတော့သဖြင့် ပဲတီစိမ်းအပင်များ ပိုမိုရှင်သန်အောင်မြင်ဖြစ်ထွန်းမည်ဟု သိရှိရသည်။
ဥကပ်ပါးနကျယ်ကတ်တစ်ကတ်တွင် အကောင်တစ်ထောင်ပါ ရှိပြီး တစ်ဧကတွင် ကတ် ၄၀ ချိတ်ဆွဲပေးရကာ ငွေကျပ် ၂၀ဝ၀ သာ ကုန်ကျကြောင်း ကတ်ပြားများချိတ်ဆွဲပြီး တစ်ပတ်အတွင်းပိုးသတ်ဆေးများ ပက်ဖျန်းခြင်းမပြုလုပ်ရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မြင့်အောင်က ပြောဆိုသည်။
















